Main menu

Background

ရေထွက်ကုန်တင်ပို့မှုက ဒေါ်လာ ၅ဝ၆ သန်းကျော် ရရှိထားပြီးဖြစ်

Sun, 03/06/2011 - 08:46 -- Anonymous (not verified)

ရေထွက်ကုန်တင်ပို့မှုက ဒေါ်လာ ၅ဝ၆ သန်းကျော် ရရှိထားပြီးဖြစ်                  ရေထွက်ကုန်တင်ပို့မှုက ဒေါ်လာ ၅ဝ၆ သန်းကျော်ရရှိထားပြီးဖြစ်ကြောင်းငါးလုပ်ငန်းဦးစီးဌာနက သိရသည်။ '' မြန်မာနိုင်ငံကနေ ရေထွက်ကုန်တွေတင်ပို့တဲ့အခါ ပြည်ပဝင်ငွေ ဘယ်လောက်ရရှိအောင်လုပ်ဆောင် ရမယ်ဆိုတာကို မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာနကနေ လျာထားသတ်မှတ်ပေးပါတယ်။ ၂ဝ၁ဝ-၂ဝ၁၁ ခုနှစ်အတွက် ရေထွက်ကုန် တင်ပို့မှုကနေ ဒေါ်လာ သန်း ၇ဝဝ ရရှိအောင်ဆောင်ရွက်လုပ်ကိုင်ကြဖို့လျာထားခဲ့ ပါတယ်။ ဘဏ္ဍာနှစ် ကုန်ခါနီး တစ်လကျော်အလိုခန့်မှာ ရရှိထားတဲ့ငွေဟာ ဒေါ်လာ ၅ဝ၆ သန်းကျော်ဖြစ်ပါတယ်။ အဲဒီငွေဟာ ဖေဖော်ဝါရီ ၂၇ ရက်နေ့အထိရရှိတဲ့ဝင်ငွေပါ '' ဟု ငါးလုပ်ငန်းဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။                      အဆိုပါဝင်ငွေများမှာ ပင်လယ်ရေကြောင်းကုန်သွယ်မှုက ဒေါ်လာ ၃၁၂ ဒသမ ၇၅ သန်းကိုလည်းကောင်း၊ နယ်စပ် ကုန်သွယ်ရေးစခန်းများဖြစ်သော မူဆယ်၊ မြဝတီ၊ ကော့သောင်း၊ စစ်တွေ၊ မြိတ်၊ မောင်တောနှင့် တမူး စသည့် စခန်းများက ဒေါ်လာ ၁၉၃ သန်းကျော်ဖိုးကို လည်းကောင်း ဆောင်ရွက်ထားခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ MN