Main menu

Background

လားရှိုှုးး-ရန်ကုန် ယာဉ်လိုင်းသစ် ထပ်မံတိုးချဲ့ပြေးဆွဲွဲ

Sun, 03/06/2011 - 09:02 -- Anonymous (not verified)

လားရှိုှုးး-ရန်ကုန် ယာဉ်လိုင်းသစ် ထပ်မံတိုးချဲ့ပြေးဆွဲွဲ                ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်း လားရှိုး- ရန်ကုန် တိုက်ရိုက်ပြေးဆွဲနေသော လားရှိုး မန်းရွှေပြည်၊ မြတ်မန္တလာထွန်း၊ တက်လမ်း၊ ရာဇာထွန်းယာဉ်လိုင်းများအပြင် နောက်ထပ် ယာဉ်လိုင်း သစ်တစ်ခုကို ယခုနှစ် မတ်လ ၇ ရက်နေ့မှစတင်ကာ လားရှိုး- ရန်ကုန် ခရီးစဉ်အား တိုက်ရိုက်စတင် ပြေးဆွဲမယ်လို့ သိရပါတယ်။                  အဆိုပါယာဉ်လိုင်းသစ်အမည်မှာ ''ရွှေလားရှိုး''အမည်ရှိ အဆင့်မြင့် ခရီးသည်ပို့ဆောင်ရေး လူစီးသီးသန့် Air Con Express မှန်လုံယာဉ်ဖြစ်ပြီး ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့ စိတ်ချမ်းသာစေရန် ဝန်ဆောင်မှုအပြည့် အထူးစီစဉ်ထားကြောင်းသိရပါတယ်။ ''ရွှေလားရှိုး'' ယာဉ်လိုင်းရဲ့ ထူးခြားချက်မှာ လူမှုရေးကူညီနိုင်ရန်ရည်ရွယ်၍ ဖွင့်လှစ်သည့်အသင်းဖြစ်ပြီး နေ့စဉ် ရန်ကုန်လား ရှိုးအသွားအပြန် လက်မှတ်တစ်စောင်ကို ယာဉ်လိုင်းမှ လှူဒါန်းခြင်းဖြင့် တစ်လလျှင် ပုံမှန် ကျပ်ငွေ ၁ဝ သိန်းတိတိအား လူမိုျးဘာသာမရွေး၊ သာရေး နာရေး ကူညီစောင့်ရှောင်မှု အသင်းကို ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ ကားလက်မှတ်များကို လားရှိုးမြို့တွင် မန်ဆူ အဝေးပြေးကားကွင်း အခန်း(၅)၊ ဖုန်း ဝ၈၂-၃ဝ၇၇ဝ၊ ဝ၉-၄၇၃ဝ၇၈၅၄၊ ဝ၉-၄၇၃ဝဝ၈၇၄ နှင့် ရန်ကုန်မြို့တွင် အောင်မင်္ဂလာအဝေးပြေးကားကွင်း၊ မကွေးလမ်း၊ ဏ-၆၊ အခန်း (၁၈)၊ ဖုန်း ဝ၉- ၇၃၁၄၆၄၆၇၊ ဝ၉-၇၃၁၄၆၄၆၈၊ ဝ၉-၇၃၁၄၆၄၆၉ ဖုန်းနံပါတ်များသို့ တိုက်ရိုက်ဆက်သွယ်မှာကြားနိုင်ပြီး ဖုန်းဆက်လိုက်ရုံဖြင့် လက်မှတ်များကို လိပ်စာအတိုင်း အိမ်အရောက် ပို့ပေးသွားမည်ဖြစ် ကြောင်း၊ နေ့စဉ်ယာဉ်ထွက်ချိန် လားရှိုး ၁၂းဝဝ နာရီဖြစ်ပြီး ရန်ကုန်မှ ၁၆းဝဝ နာရီဖြစ်ကာ ခရီး သွားပြည်သူများ ပိုမိုအဆင်ပြေချောမွေ့လာမည်ဖြစ်ကြောင်း သိရပါတယ်။ ပပဝင်း