Main menu

Background

မန္တလေးမြို့တွင်းနှင့် မြို့သစ်မြေကွက်များ ဈေးပြိုင်တက်

Sun, 03/06/2011 - 09:04 -- Anonymous (not verified)

 မန္တလေးမြို့တွင်းနှင့် မြို့သစ်မြေကွက်များ ဈေးပြိုင်တက်                      မန္တလေးမြို့တွင်းနဲ့ မြို့သစ်မြေကွက်များမှာ ဈေးနှုန်းအပြိုင်တက်လာ ကြောင်း မြေအကျိုးတော်ဆောင် တစ်ဦးက ပြောပါတယ်။ ''မန္တလေးမှာ စီမံကိန်းတွေ တိုးလာ တဲ့အတွက် မြေကွက်ကို စီးပွားရေး တစ်ခုလိုလုပ်လာတော့ မြို့သစ်ရော၊ မြို့ထဲမှာပါ ဈေးက အပြိုင်တက်လာတယ်။ အခု ၄ လအတွင်းမှာ မြေဈေး နှုန်းက ၃ ချိုး ၁ ချိုးလောက်တက်လာ တယ်။ စီးပွားရေးသမားတွေဝင်လာတဲ့ အတွက် ဈေးကောင်းလာတာ။ နောက်ပိုင်းမှာလည်း မြေဈေးကွက်ကကောင်း လာဦးမှာပဲ။ အရောင်းအဝယ်ကလည်း တစ်နေရာချင်းစီလှည့်ပြီး အရောင်းအဝယ်ဖြစ်နေတာ။ မြို့ဖွံ့ဖြိုးလာတာ နဲ့အမျှ ဈေးကွက်ကောင်းလာဦးမှာပဲ'' လို့ မန္တလေးမြို့ရှိ ဝါရင့်အကိုျးတော် ဆောင်တစ်ဦးက ပြောပါတယ်။                 မန္တလေးမြို့တွင်း ၇၈ လမ်းမကြီး အနောက်ခြမ်းတွင် မျက်နှာဖွင့်တစ်ပေ လျှင် သိန်း ၂ဝဝ ကျပ်၊ အရှေ့ခြမ်းတွင် မျက်နှာဖွင့် ၁ ပေလျှင် ၁၂၅ သိန်းဈေး ရှိ၍ မြို့သစ်တွင် ယခုရက်ပိုင်း ''လလ'' အနောက်ခြမ်း ၆၆ လမ်းနှင့် ၆၈ လမ်း ကြား၊ ပေ ၄ဝ x ၆ဝ တစ်ကွက်လျှင် သိန်း ၃ဝဝ ကျပ်၊ ၆၃လမ်းနဲ့ ၆၆ လမ်း ကြား ပေ ၄ဝ x ၆ဝ တစ်ကွက်လျှင် ၂၇၅ သိန်း၊ လမ်းတင်အကွက် ၆၆ လမ်းနဲ့ ၆၇ လမ်းကြား ပေ ၄ဝ x ၆ဝ တစ်ကွက်လျှင် သိန်း ၇ဝဝ ကျပ်၊ ဝဝ၉ နဲ့ ၁ဝ လမ်းတင် သိန်း ၁၄ဝဝ ကျပ်၊ ကြားကွက် သိန်း ၆ဝဝ ဝန်းကျင်၊ ပွဲရုံတန်းလမ်းမတန်းပေါ် သိန်း ၁၂ဝဝ ကျပ်၊ ၆၂ လမ်းမပေါ် မနော်ဟရီလမ်း နဲ့ ပရံတော်ချောင်းကြားတစ်ကွက်လျှင် သိန်း ၂ဝဝဝ နဲ့အထက်ဈေးထိ ဈေး နှုန်းမြင့်တက်လာကြောင်း သိရပါ တယ်။ ဇူးဇူး