Main menu

Background

ရန်ကုန် အိမ်ခြံမြေရင်းနှီးမြှပ်နှံမှုများ ထပ်မံတိုးတက်လာနိုင်ဖွယ်ရှိ

Sun, 03/06/2011 - 09:06 -- Anonymous (not verified)

 ရန်ကုန် အိမ်ခြံမြေရင်းနှီးမြှပ်နှံမှုများ  ထပ်မံတိုးတက်လာနိုင်ဖွယ်ရှိ                 ရန်ကုန် အိမ်ခြံမြေ ဈေးကွက် အတွင်း ရင်းနှီးမြူပ်နံှမှုများ ထပ်မံ တိုးတက်လာနိုင်ဖွယ်ရှိကြောင်း အိမ်ခြံ မြေ အကိုျးဆောင် လုပ်ငန်းရှင်များ ထံက သိရသည်။                   ''အိမ်ခြံမြေ အရောင်းအဝယ်က လေလံတွေ ထွက်ပေါ်လာတယ်ဆိုရင်ပဲ ဈေးကွက်ကို ထိခိုက်တတ်တဲ့ သဘော ရှိပြီး ဈေးကွက်လေးလံသွားတတ်ပါတယ်။ ၂ဝ၁၁ ဖေဖော်ဝါရီ ဒုတိယပတ် အတွင်းက အိမ်ခြံမြေလေလံတွေ ထွက် ပေါ်ခဲ့ပေမဲ့ အရောင်းအဝယ်က ပုံမှန် ရှိနေတယ်။ အထူးသဖြင့် ဝယ်လက်က ကျပ်သိန်း ၃ဝဝဝ ဝန်းကျင်အထိ သုံးစွဲ ဝယ်ယူလာကြတယ်။ လေလံပစ္စည်း တွေရဲ့ဈေးနှုန်းက ကျပ်သိန်း သောင်းချီ လုပ်ရမဲ့ဈေးကွက်ပါ။ ပွိုင့်ကြီးတွေဖြစ်ပါတယ်။ ဒါ့ကြောင့် ဈေးကွက်မတူညီတာ ကြောင့်လည်း မြေကွက်အရောင်း အဝယ်တွေ ပုံမှန်ရှိနေတာဖြစ်ပါတယ်။ ဈေးနှုန်းမြင့်တဲ့ ဗဟန်း၊ ကမာရွတ်၊ မရမ်းကုန်းတို့လို မြို့နယ်တွေမှာလည်း အရောင်းအဝယ် ရှိနေပါတယ်'' ဟု ယူနတီအိမ်ခြံမြေမှ ဦးဇော်ဇော်က ပြောကြားသည်။                 အဆိုပါမြေကွက်များအပြင်တောင် ဥက္ကလာပ၊ သာကေတ၊ အင်းစိန်၊ မြောက်ဥက္ကလာမြို့နယ်များရှိ ကျပ်သိန်း ၃ဝဝဝ တန်မြေကွက်များလည်း အဝယ် ရှိနေသဖြင့် ကားလုပ်ငန်း၊ ငွေကြေး လုပ်ငန်း၊ ရွှေလုပ်ငန်းနှင့် နှိုင်းယှဉ်ပါက တည်ငြိမ်ခိုင်မာမှုရှိသည့် အိမ်ခြံမြေ လုပ်ငန်းတွင် ရင်းနှီးမြှုပ်နံှမှုများ ထပ်မံ တိုးတက်လာနိုင်ကြောင်း ဈေးကွက် ကျွမ်းကျင်သူများက ဆိုသည်။ MN