Main menu

Background

ကားအရောင်းအဝယ်အေးသော်လည်း စင်းလုံးချောကားများ အရောင်းအဝယ်ဖြစ်

Sun, 03/06/2011 - 09:11 -- Anonymous (not verified)

ကားအရောင်းအဝယ်အေးသော်လည်း စင်းလုံးချောကားများ အရောင်းအဝယ်ဖြစ်                  ရန်ကုန်မြို့ ကားဈေးကွက်၏ ဖေဖော်ဝါရီလအတွင်း အခြေအနေမှာ အရောင်းအဝယ်အကောင်းကြီးမဟုတ် သော်လည်း ကြိုကြားကြိုကြားရှိနေသဖြင့် ယခင်ကထက် အခြေအနေကောင်းနေကာ ယခုအခြေအနေမှာ ကြိုက်ရောင်းကြိုက်ဝယ်အဆင့်သာဖြစ်ကြောင်း သိရသည်။ ဖေဖော်ဝါရီလအတွင်း ပြုလုပ်ခဲ့သောလေလံပွဲများအပြီး အပေါ်ဝိုင်း ဈေးကွက်ထဲနှင့် အခြားဝိုင်း များတွင် လေလံအောင်ကား အများအပြား ဝင်ရောက်လာပြီး ပြင်ဆင်ပြီးကားများနှင့် လက်ရှိအမြင်အတိုင်း ကားများအား ဈေးတန်းနှစ်မျိုးဖြင့် ရောင်းချကြကြောင်း သိရသည်။                      လေလံကားများထဲတွင် လူကြိုက်များ အပေါ်ကား နှစ်မိုျးဖြစ်သည့် ဆပ်(ဖ်)ဝက်ဂွန်နှင့် ပါဂဲျရိုးကားများမှာ လေလံဈေး သင့်သော်လည်း ရောင်းလိုသူများက အဆင့်မြင့်ပြင်ဆင်ကာ မော်လ်ဒယ်ချင်းတူလျှင် ပိုသန့်သည့်ကားအား ကြိုက်ဈေးခေါ် ရောင်းချလာကြောင်းသိရသည်။ ဈေးကွက်ထဲတွင် ယခင်ရှိပြီးကားဟောင်းများ၊ လေလံကားများ၊ အခွန်ဆောင်ကားများ၊ စက်မှုဇုန်ထုတ် အဆင့်မြင့်ကားများ စသည်ဖြင့် ယခင်ကထက်အမျိုးအစားပိုစုံလာပြီး အပေါ်ကားဝယ်မည့်သူများကလည်း ဈေးချင်းတူ လျှင် စင်းလုံးချောကားသာရှာဝယ်ပြီး ခေါ်ဈေးပေးဝယ်ယူတတ်ကြောင်း သိရသည်။ လတ်တလောဈေးကွက်ထဲတွင် အရောင်းအဝယ်ဖြစ်ခဲ့သည့် လေလံအောင်ကားများ၏ ဈေးနှုန်းအချို့မှာ ၅ဂ/ဆပ်(ဖ်) ဝက်ဂွန် (၂ဝဝဝ မော်လ်ဒယ်) ၉၅ဝ မှ ၁ဝဝဝ သိန်း၊ ပါဂဲျရိုး(၉၇ ပုံပြောင်း) ၈၃ဝ မှ ၈၅ဝ သိန်း၊ ကိုရိုလာ(အစစ်စတာ) ဖင်ကောက် ၅ဂ/ ၅၃ဝ သိန်း၊ အက္ခရာ ၂ဂ/၁ဂ ဆပ်(ဖ်) ဝက်ဂွန်(၉၅ မိုဒယ်) ၅၅ဝ သိန်းမှ ၆ဝဝ သိန်းဝန်းကျင်ဖြစ်ပြီး အောက်ကားထဲတွင် ပါပလေကာ (၈၂/၈၃) မော်လ်ဒယ်များ စီအန်ဂျီသုံးတက်(က်)စီကား ဆလွန်းများ ရက်ပိုင်းအတွင်း အရောင်းအဝယ်ရှိခဲ့ကြောင်း သိရသည်။SN