Main menu

Background

အိန္ဒိယနနွင်း ပြည်ပဝယ်လိုအားကောင်းလာလို့ ဈေးပြန်မြင့်လာ

Sun, 03/06/2011 - 09:34 -- Anonymous (not verified)

အိန္ဒိယနနွင်း ပြည်ပဝယ်လိုအားကောင်းလာလို့ ဈေးပြန်မြင့်လာ             အိန္ဒိယပြည်တွင်း နနွင်းလက်ငင်းဈေးကွက်တွေကို ယခုသီတင်းပတ်အစပိုင်းမှာ အဝင်များလာလို့ တစ်တန်ကို ရူပီး ၁ဝဝဝဝ (ကန်ဒေါ်လာ ၂၂၂) ကျဆင်းခဲ့ပေမဲ့ သီတင်းပတ်နှောင်းပိုင်းမှာတော့ နီဇမ်မာဘတ်ဈေးကွက်မှာ ပြည်တွင်း လှောင်လက်တွေ အဆွဲများတာကြောင့် လက်ငင်းဈေးနဲ့ ကြိုပွိုင့်ဈေး ၁ ဒသမ ၃၆ ရာခိုင်နှုန်းနဲ့ ၂ ဒသမ ၄၃ ရာခိုင်နှုန်း အသီးသီး မြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။                 အီရော့ဈေးကွက်ကို နနွင်းဝင်ရောက်မှုဟာ ယခင်ရက်က အိတ် ၁၂ဝဝဝ ခန့်ရှိရာမှ ဖေဖော်ဝါရီလ ၂၈ ရက်မှာ အိတ် ၁ဝဝဝဝ ဝန်းကျင်ကိုလည်းကောင်း၊ နီဇမ်မာဘတ်ဈေးကွက်ကို အိတ် ၈ဝဝဝ ဝန်းကျင်မှ အိတ် ၁၂ဝဝဝ ကိုလည်း ဝင်ရောက်မှုရှိတယ်လို့ သိရပါတယ်။                  နနွင်းတောင်သူအများအပြားဟာ ဈေးကောင်းမျှော်လင့်ပြီး နနွင်းပမာဏများများဈေးကွက်ကို ယူလာကြ ပေမဲ့ အိန္ဒိယမြောက်ပိုင်းက အဝယ်အသစ်မထွက်လို့ အစပိုင်းရက်တွေမှာ ဈေးလျော့ကျခဲ့တယ်လို့ အီရော့နနွင်း ကုန်သည်များအသင်း ဥက္ကဌ မစ္စတာ အာကေဗွီ ရာဗွီရှန်ကာ ကဆိုပါတယ်။                 ကာလတိုနနွင်းဈေးက နနွင်းဝင်ရောက်မှုနဲ့ ပြည်ပအဝယ်ပေါ်မူတည်နေတယ်လို့ ဆိုပါတယ်။ အီရော့နနွင်း ကုန်သည်များ ဈေးဝင်းမှာ နနွင်းလက်ချောင်းဈေး တစ်တန် ရူပီး ၇၉၈၉ဝ-၁၂ဝ၉၈ဝ (ကန်ဒေါ်လာ ၁၇၇၇- ၂၆၉ဝ) ရှိပြီး နနွင်းဥဈေးက တစ်တန် ရူပီး ၇၅ဝ၁ဝ-၁၁၅၅၅ဝ (ကန်ဒေါ်လာ ၁၆၆၈-၂၅၇ဝ) ရှိတယ်လို့ သိရပါတယ်။ ယမင်းးခင်၊်၊ှSource: commodityonline