Main menu

Background

ဘုရင့်နောင်မှာ မတ်ပဲ၊ ပဲစင်းငုံနီနှင့် ပဲတီစိမ်း(ခရမ်း)ဈေးဆင်းလာ

Fri, 03/11/2011 - 03:46 -- Anonymous (not verified)

ဘုရင့်နောင်ကုန်စည်ဒိုင်စဉ် အမျိုးအမည်    ရေတွက်ပုံ           (ပြည်ပရောင်း)         (ပြည်တွင်းရောင်း)            ပြောင်းလဲမှု                                                    ယခင်        ယခု           ယခင်         ယခု ၁ မတ်ပဲ(RC)         ၁ တန်              ၇ဝ၉ဝဝဝ-၆၈၉ဝဝဝ          -                -၂ မတ်ပဲ(SQRC)     ၁ တန်              ၇၉၈ဝဝဝ-၇၉ဝဝဝဝ          -                -၃ မတ်ပဲ(ကုန်ကြမ်း) ၁ ပိဿာ                        -                     ၁၁၆ဝ-၁၁၂၅၄ ကုလားပဲဖြူလုံးကြီး ၁ပိဿာ                       -                     ၁ဝဝဝ-၁ဝဝဝ၅ ပဲစင်းငုံနီ (RC)       ၁ တန်                          -                    ၇၁၄ဝဝဝ-၆၈ဝဝဝဝ၆ ပဲတီစိမ်း (ခရမ်း)      ၁ ပိဿာ                     -                      ၁၉၈ဝ-၁၉၆ဝဘုရင့်နောင်မှာ မတ်ပဲ၊ ပဲစင်းငုံနီနှင့် ပဲတီစိမ်း(ခရမ်း)ဈေးဆင်းလာ             ဒီတစ်ပတ် ဘုရင့်နောင် ဈေးကွက်မှာ မတ်ပဲ(RC)၊ ပဲစင်းငုံနီ(RC) ၊ နဲ့ပဲတီစိမ်း(ခရမ်း)က ဈေးကျလာပေမယ့်အရောင်းအဝယ်တော့ပုံမှန် ဖြစ်ခဲ့ကြောင်းသိရပါတယ်။မတ်ပဲ (RC) ကို ပြည်ပတင်ပို့ရန်ဝယ်ယူနေ တဲ့ကုန်သည်ကြီးများက အိန္ဒိယမွန်ဘိုင်းဈေးကွက်မှာ မြန်မာ့ မတ်ပဲ ဈေးကျနေတာရယ်၊ ရန်ကုန်ဈေးကွက်မှာ ပို့ကုန်ဝင်ငွေဒေါ်လာ တစ်ယူနစ်တန်ဖိုးဈေးမငြိမ်တာရယ်အပေါ်မူတည်ပြီး ဈေးချအဝယ် ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်တန်ကို အနိမ့်ဆုံး ၆၈၁ဝဝဝ ကျပ်မှ အမြင့်ဆုံး ၆၈၉ဝဝဝ ကျပ်အတွင်းတန် ၁၃၈ဝ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် ပဲစင်းငုံနီ(RC) ကို ပြည်ပအဝယ်အေးသွားတဲ့အပေါ် အိတ်စပို့ ဝယ်လက်တွေက ဈေးနှိမ်ပြီး အဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့ စာရင် ဈေးကျလာပြီး တစ်တန် ကို ၆၈ဝဝဝဝ ကျပ်မှ  ၆၈၃ဝဝဝ ကျပ် အတွင်း တန် ၈ဝ၅ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရပါတယ်။ ပဲစင်းငုံနီက ပြည်ပအဝယ်အေးလာသလို အိတ်စပို့ဝယ်လက်တွေကလည်း ပြည် တွင်းဈေးကွက်မှာ ဈေးလျော့ဝယ်လာမှုတွေရှိတာကြောင့် ယခင် အပတ်နဲ့စာရင် တစ်တန်ကို ၃၄ဝဝဝ ကျပ်ဈေးပြုတ်သွားတယ်လို့ ပဲကုန်သည်များက ဆိုပါတယ်။ ဈေးကွက်မှာ အရောင်းအဝယ်သွက် နေတဲ့ ပဲတီစိမ်း (ခရမ်းရွှေဝါ) ကို အိတ်စပို့ ဝယ်လက်တွေဝယ်အားပုံမှန်  ဆိုပါတယ်။အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿ ၁၉၆ဝကျပ်(တစ်တန်ကို ၁၂ဝဝ၂၈၄ ကျပ်)နဲ့ တန် ၉၃၂ ခန့်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။