Main menu

Background

ကုန်စည်ဒိုင်သုံးသပ်ချက်

Fri, 03/11/2011 - 04:58 -- Anonymous (not verified)

 ကုန်စည်ဒိုင်သုံးသပ်ချက်           မတ်ပဲ(ကုန်ကြမ်း)ကို မတ်ပဲသန့်စင်ရန် ဝယ်ယူနေတဲ့ ကုန်သည်များနဲ့ ဝယ်ရောင်းကုန်သည်ကြီးများက အိန္ဒိယ-မွန်ဘိုင်း ဈေးကွက်မှာ မြန်မာမတ်ပဲ ဈေးကျနေတာရယ်၊ ရန်ကုန်ဈေးကွက်မှာ ပို့ကုန်ဝင်ငွေဒေါ်လာတစ်ယူနစ်တန်ဖိုး ဈေးကျနေတာရယ်အပေါ် မူတည်ပြီး ဈေးချအဝယ်ရှိတာကြောင့် ဘုရင့်နောင်၊ မန္တလေး၊ မုံရွာ၊ ပြည်နဲ့ ဟင်္သာတမှာ ဈေးကျနေကြောင်း တွေ့ရပါတယ်။ ပဲစင်းငုံနီ ကို အိတ်စပို့ဝယ်လက်တွေက ပြည်ပအဝယ်အေး သွားတာကို အကြောင်းပြပြီး ဈေးချအဝယ်ရှိတာကြောင့် ဘုရင့်နောင်၊ မန္တလေး၊ မုံရွာ၊ မကွေး၊ ပြည်၊ ပခုက္ကူ၊ အောင်လံ၊ မြင်းခြံနဲ့ တောင်ကြီးမှာ ဈေးကျ နေကြောင်း သိရပါတယ်။ ပဲတီစိမ်းကြီး(အညာ)ကို တရုတ်ဝယ်လက်တွေက အဝယ်နည်းသွားတာကြောင့် မန္တလေး၊ မုံရွာ၊ ပြည်နဲ့ မကွေးမှာ ဈေးကျနေပြီး အောင်လံတွင် ဈေးတန့် နေကြောင်း တွေ့ရပါတယ်။ ပဲတီစိမ်း(ခရမ်း)ကို တရုတ်အဆွဲပုံမှန်ရှိပေမယ့် ရောင်းသူ ကုန်သည်များ အရောင်းများနေတာကြောင့် ဘုရင့်နောင်နဲ့ မန္တလေး မှာ ဈေးအနည်းးငယ်က်ကျ နေတာတွေ့ရပါတယ်။ ကုလုလားဖြူလုံံံးကြီးကို ရန်ကုန်ဝယ်လက်နဲ့ ဒေသတွင်း ပဲခွဲစက်သမားများ ဝယ်အားပုံမှန်ရှိပေမယ့် ဈေးကွက်သို့ ပစ္စည်း အဝင်များနေတာကြောင့် မန္တလေး၊ မုံရွာ၊ ပခုက္ကူနဲ့ မြင်းခြံမှာ ဈေးကျ နေပြီး ဘုရင့်နောင်မှာ ဈေးငြိမ်နေတာတွေ့ရပါတယ်။ ပြောင်းကို တရုတ်ဝယ်လက်နဲ့ ဒေသတွင်း  အစာစပ်လုပ်ငန်း ရှင်များက ဝယ်အားပုံမှန်ရှိပေမယ့် ဈေးကွက်မှာ ရောင်းသူကုန်သည် များ အရောင်းများတာရယ် ပစ္စည်းအဝင်များတာရယ်ကြောင့် တောင်ကြီးနဲ့ လားရှိုးမှာ ဈေးကျနေပြီး မူဆယ်မှာ ဈေးမြင့်နေကြောင်းတွေ့ရပါတယ်။