Main menu

Background

ဆန်တင်ပို့ဖို့ ဗီယက်နမ်က ဈေးကွက်သစ်များကိုရှာဖွေ

Sun, 03/13/2011 - 04:24 -- Anonymous (not verified)

ဆန်တင်ပို့ဖို့ ဗီယက်နမ်က ဈေးကွက်သစ်များကိုရှာဖွေ                  ယခုနှစ် ပထမ ၂ လအတွင်း ဗီယက်နမ်နိုင်ငံက ဆန်တန်ချိန် ၁ ဒသမ ၂ သန်းနီးပါး၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၆ဝဝ သန်းဖိုး တင်ပို့ခဲ့လို့ ယခင်နှစ်ကာလတူထက် ပမာဏအားဖြင့် ၆၃ ရာခိုင်နှုန်းနဲ့ တန်ဖိုးအားဖြင့် ၅ဝ ရာခိုင်နှုန်း အသီးသီးမြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ ယခုနှစ် ဆန်တင်ပို့မှုဟာ ပုံမှန်ဝယ်ယူနေကျ ဈေးကွက်များရဲ့ ဝယ်ယူတဲ့ နည်းလမ်း ပြောင်းလဲခြင်းနဲ့ သွင်းအားစုစရိတ်မြင့်တက်နေခြင်းဆိုတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဗီယက်နမ်စားနပ်ရိက္ခာအသင်းက ပြောကြားပါတယ်။                 ပုံမှန်အားဖြင့် ဗီယက်နမ်ဆန်အထွက်ရဲ့ သုံးပုံတစ်ပုံကို တင်သွင်းတဲ့ ဖိလစ်ပိုင်နိုင်ငံဟာ ဈေးပြိုင်စနစ်နဲ့ တင်ဒါဝယ်ယူခြင်းမှ စီးပွားဖြစ်ဝယ်ယူခြင်းအဖြစ်ကို ပြောင်းလဲခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ပေါင်းဆန် တစ်တန်ကို ကန်ဒေါ်လာ ၅၇၅ နဲ့ တန်ချိန် ၁ သိန်းနဲ့ ၁၅ မှတ်ဆန်ကို ကန်ဒေါ်လာ ၅၃ဝ ဈေးနဲ့ တန် ၁ သိန်း စုစုပေါင်း ၂ သိန်း ဝယ်ယူဖို့ ဆုံးဖြတ်သွားတယ်လို့ သိရပါတယ်။ လဝန်းး၊ှSource: VOU