Main menu

Background

ကမ္ဘာ့စားနပ်ရိက္ခာဈေးနှုန်း ကြီးမြင့်မှုကြောင့် ဖိလစ်ပိုင်ဆန်တင်သွင်းမှု ရည်မှန်းထားတာထက်ပိုနိုင်

Sun, 03/13/2011 - 04:24 -- Anonymous (not verified)

ကမ္ဘာ့စားနပ်ရိက္ခာဈေးနှုန်း ကြီးမြင့်မှုကြောင့် ဖိလစ်ပိုင်ဆန်တင်သွင်းမှု ရည်မှန်းထားတာထက်ပိုနိုင်                ကမ္ဘာ့စားနပ်ရိက္ခာဈေးနှုန်းကြီးမြင့်မှုကြောင့် ပြည်တွင်း ရောင်းချမှု ဖူလုံရေးအတွက် ဖိလစ်ပိုင်နိုင်ငံဟာ အစောပိုင်းက ဆန်တင်သွင်းဖို့ ရည်မှန်းပမာဏထက် ပိုသွင်းရနိုင်တယ်လို့ နိုင်ငံကောက်ပဲသီးနံှဝယ်ယူရေးအေဂျင်စီက ပြောကြားပါတယ်။ နိုင်ငံတော်တော်များများဟာ ဆန်သိုလှောင်မှု အတွက် ဆောင်ရွက်လျက်ရှိတယ်လို့ နိုင်ငံတော်စားနပ်ရိက္ခာ အာဏာပိုင် အုပ်ချုပ်သူ Angrlito Banayo  က မတ်လ ၉ ရက်က ပြောကြားခဲ့ပါတယ်။                      လွန်ခဲ့တဲ့လက စားနပ်ရိက္ခာဈေးနှုန်းစံချိန်တင် မြင့်တက် ခဲ့တာနဲ့ ပတ်သက်လို့ အာဖရိကမှ အာရှတစ်လွှား နိုင်ငံများ ဟာအရန်သိုလှောင်မှုကို ပြန်လည်ဖြည့်တင်းဖို့ဆန်တင်သွင်းမှု မြင့်တက်နေပါတယ်။ ယခုနှစ် ဈေးနှုန်း ကြီးမြင့်မှုဟာ လူဦးရေ သန်းပေါင်းများစွာကို ငတ်မွတ်ခေါင်းပါးဖို့ တွန်းပို့နေတယ်လို့ ကမ္ဘာ့ဘဏ်က ပြောကြားပါတယ်။ အထူးသဖြင့် အရှေ့ အလယ်ပိုင်းနဲ့ အာဖရိက နိုင်ငံတွေမှာ မငြိမ်မသက်ဖြစ်မှု ကြောင့် ဈေးနှုန်းကြီးမြင့်မှု ဖြစ်ပေါ်လာခဲ့တာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်အတွင်း ချီကာကိုမှာ ဆန်ဈေးက ၆ ဒသမ ၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ဂံျုဈေးက ၅၈ ရာခိုင်နှုန်းနဲ့ ပြောင်း ဈေးက ၉၂ ရာခိုင်နှုန်းမြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။ ဖိလစ်ပိုင်နိုင်ငံဟာ ၂ဝ၁ဝ ခုနှစ်က ဆန်တန်ချိန် ၂ ဒသမ ၅ သန်း တင်သွင်းခဲ့ရာက ယခုနှစ်သီးနံှအမြောက်အမြား ထွက်ရှိမယ့် ခန့်မှန်းချက်ကြောင့် ဆန်တန်ချိန် ၈၆ဝဝဝဝ တင် သွင်းဖို့ ဆုံးဖြတ်ထားပြီး လတ်တလောတင်သွင်းဖို့ စီစဉ်နေ တယ်လို့ Banayo  က မတ်လ ၇ ရက်နေ့မှာ ပြောကြား ပါတယ်။ ဖိလစ်ပိုင်အမျိုးသားစားနပ်ရိက္ခာအာဏာပိုင်အဖွဲ့ (NFA)က တန်ချိန် ၂ သိန်း ဝယ်ယူသွားမှာ ဖြစ်ပြီး ကျန် တန်ချိန် ၆၆ဝဝဝဝ ကိုတော့ ပုဂ္ဂလိကကုန်သည်တွေက ဝယ်ယူသွားမယ်လို့ ဆိုပါတယ်။                     မေလကုန်အရောက်ပို့ဖို့တင်ဒါကို ယခုလ အစပိုင်းမှာ စတင်မှာဖြစ်တယ်လို့ စိုက်ပျိုးရေးဝန်ကြီး Proceso Alcala  က မတ်လ ၉ ရက်နေ့က ပြောကြားပါတယ်။ အကယ်လို့သာ ဂံျုဈေးက ဆက်လက်မြင့်နေမယ်ဆိုရင် အချို့နိုင်ငံတွေက ဆန်ဘက်ကို ပြောင်းလဲဝယ်ယူနိုင်တာကြောင့် မိုးရာသီမတိုင်မီ ဆန်ဝယ်ယူသွားမယ်လို့လည်း Banayo  က ပြောကြားပါ တယ်။                     ဇန်နဝါရီလ ဆန်ဈေးနှုန်းဟာ ကမ္ဘာ့စတုတ္ထလူဦးရေ အများဆုံး အင်ဒိုနီးရှားနိုင်ငံမှာ စံချိန်တင်မြင့်တက်ခဲ့လို့ အစိုးရ က ကောက်ပဲသီးနံှတင်သွင်းခွန်ကို ချက်ချင်းလျှော့ချခဲ့တယ်လို့ ယခင်သီတင်းပတ်က FAO  က ပြောကြား ပါတယ်။ အရန် သိုလှောင်ဆန် လျော့ကျတာကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံက လည်း ယခင်လမှာ မြင့်တက်ခဲ့တဲ့ ဈေးနှုန်းအတိုင်း ရှိခဲ့တယ် လို့ ဆိုပါတယ်။ လမင်းSource: Bloomberg.net