Main menu

Background

ဇွန်လမတိုင်မီ ဆန်တန်ချိန် ၉ သိန်းတင်သွင်းမည့် ဘင်္ဂလားဒေ့ရှ်

Sun, 03/13/2011 - 05:03 -- Anonymous (not verified)

ဇွန်လမတိုင်မီ ဆန်တန်ချိန် ၉ သိန်းတင်သွင်းမည့် ဘင်္ဂလားဒေ့ရှ်            ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အစိုးရရဲ့ ပြည်တွင်းဆန်ဝယ်ယူမှု နှုန်းထားမြင့်မားတာနဲ့ ဆန်သိုလှောင်ထားရှိမှု နည်း ပါးတာကြောင့် ပြည်တွင်းဆန်ဈေးနှုန်းများ ဖေဖော်ဝါရီလ အတွင်း မှတ်တမ်းတင်ဖွယ်မြင့်မားခဲ့ပါတယ်။ မတ်လမှာ လည်း ဆက်လက်ဈေးမြင့်တက်နေတာကြောင့် ပြည်တွင်းဆန် ဈေးနှုန်းတည်ငြိမ်ကျဆင်းစေဖို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံက ၂ဝ၁၁ ဇွန်လမှာ ကုန်ဆုံးမဲ့ ဘဏ္ဍာနှစ်တွင် ဆန်တန်ချိန် ၉ သိန်း တင်သွင်းကာ တန်ချိန် ၁၂ သန်းအထိ တိုးမြှင့်သိုလှောင်ထား ရှိမယ်လို့ သိရပါတယ်။ အစောပိုင်းက တန်ချိန် သုံးသိန်းသာ ဝယ်ယူ တင်သွင်းဖို့ စီစဉ်ထားခဲ့ပါတယ်။ ဒီလိုဆန်အမြောက်အမြား ဝယ်ယူတာက ကမ္ဘာ့ ကောက်ပဲသီးနံှဈေးနှုန်းတွေကို မြင့်မားလာအောင်နှိုးဆွ ပေး လျက်ရှိတယ်လို့The Daily Star  သတင်းမှာ ဖော်ပြ ထားပါတယ်။ ပပ ှSource:thedailystar.net