Main menu

Background

အာရှဆန်ထုတ်လုပ်မှု ခြိမ်းခြောက်မှုများရှိနေ

Sun, 03/13/2011 - 05:04 -- Anonymous (not verified)

အာရှဆန်ထုတ်လုပ်မှု ခြိမ်းခြောက်မှုများရှိနေ            အာရှနိုင်ငံများအတွင်း ပိုးသတ်ဆေးများ အလွန်အကံျွ ထုတ်လုပ်သုံးစွဲခြင်းကြောင့် ဒေသတွင်း လယ်သမားများရဲ့ လယ်ယာမြေများ ပျက်စီးမှုကို ဖြစ်ပေါ်စေကာ စားနပ်ရိက္ခာဖူလုံမှုကို ခြိမ်းခြောက်နေတယ်လို့ သိပ္ပံပညာရှင်များက သတိပေး ထားပါတယ်။ တရုတ်နဲ့ အိန္ဒိယတို့မှာ ဈေးသက်တာတဲ့ ပိုးသတ်ဆေးထုတ်လုပ်မှု မြင့်တက်ခြင်း၊ စည်းကမ်းသတ်မှတ်မှုမရှိခြင်းနဲ့ လယ်သမားများကို ပညာပေးဖော်ပြထားခြင်းမရှိတာတွေကြောင့် စပါးခင်းဝန်းကျင် ပတ်ဝန်းကျင်ဂေဟစနစ်ကို ပျက်စီးစေပြီး ပိုးမွှားတိုးပွားမှုကို ပိုမိုစေတယ်လို့ ဆိုပါတယ်။ အကယ်လို့သာ ပိုးမွှားတိုးပွားတာကို ထိန်းချုပ်နိုင်မှုမရှိဘူးဆိုရင် နောက် ၁ဝ နှစ်ကျော်အတွင်း ပြဿာနာများ ဖြစ်ပေါ်လာမယ်လို့ စင်ကာပူမှာကျင်းပတဲ့ အလုပ်ရုံဆွေးနွေးပွဲမှာ သိပ္ပံပညာရှင်များ ပြောကြား ခဲ့ကြောင်း သိရပါတယ်။ ဒါကြောင့် ကြီးထွားနေတဲ့ လိုအပ်ချက်ပြည့်မီဖို့ အထွက်နှုန်းမြှင့်တင်ဖို့နဲ့ လယ်သမားများကို ဓါတု ဆေးဝါးသုံးစွဲမှု အလွန်အကံျွ မဖြစ်စေရေး ပညာပေးဖို့ လိုအပ်နေပြီဖြစ်ပါတယ်။               ဓါတုဆေးဝါးအလွန်အကံျွသုံးစွဲမှုကြောင့် တရုတ်နိုင်ငံမှာ ပိုးမုန်တိုင်းလို့ခေါ်ရလောက်တဲ့ သီးနံှဖျက်ပိုး အကြီးအကျယ် ကျရောက်မှုတွေ ရှိခဲ့တယ်လို့ သြစတြေးလျသိပ္ပံပညာရှင်George Lukas က ပြောကြားပါတယ်။ ဆန်အဓိကထုတ်လုပ်တဲ့ နိုင်ငံအချို့မှာ စပါးမျိုး နှစ်မျိုး သုံးမျိုးဝန်းကျင်သာ စိုက်ပျိုးခြင်းကလည်း ပိုးကျရောက်မှု တိုးပွားစေဖို့ အထောက်အကူပြု စေတယ်လို့ ဆိုပါတယ်။ စင်ကာပူအလုပ်ရုံဆွေးနွေးပွဲကို အိန္ဒိယ၊ သြစတြေးလျ၊ ဂျပန်၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ တောင်ကိုရီးယားနဲ့ ဗီယက်နမ်အပါအဝင်ဒေသတွင်းမှ သိပ္ပံပညာရှင်များ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။ လမင်းး ှSource: riceonline