Main menu

Background

ဘော်ဒါက တန်ချိန်အနည်းငယ်သာတင်ပို့

Sun, 03/13/2011 - 05:06 -- Anonymous (not verified)

ဘော်ဒါက တန်ချိန်အနည်းငယ်သာတင်ပို့                မတ်လ ၂ ရက်မှ ၈ ရက်ထိကာလအတွင်း မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၃၇၁ဝဝ တန်ဖိုးရှိမတ်ပဲ ၃၈ တန် တင်ပို့နိုင်ခဲ့ပါတယ်။ယခင်အပတ်က ၇၃ တန် တင်ပို့ခဲ့တာတွေ့ရပါတယ်။၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်ဧပြီလမှ ဖေဖော်ဝါရီ လကုန်ထိ နယ်စပ်မှမတ်ပဲ တန်ချိန် ၈၆ဝဝ ကျော်တင်ပို့ထားပြီး ဖြစ်ပါတယ်။ စစ်ကိုင်း၊ မန္တလေးနဲ့ ပဲခူးတိုင်းဒေသကြီးများက ထွက်ရှိတဲ့မတ်ပဲများကို မူဆယ် ၁ဝ၅ မိုင်မှတစ်ဆင့် တစ်ဖက်နိုင်ငံသို့တင်ပို့ခဲ့တာပါ။ ယခင်အပတ်ကထက် မိမိဘက် ဈေး ၁ တန်ကို ၁၁၂၅ဝ ကျပ်မြင့်တက်နေပေမဲ့ တစ်ဖက်နိုင်ငံ ပေါက်ဈေးများ ပြောင်းလဲမှုမရှိဘူးလို့ သိရပါတယ်။ တစ်ဖက်နိုင်ငံပေါက်ဈေးက ၁ တန် ဒေါ်လာ ၁ဝ၅ဝ ဖြစ်ပါတယ်။ MIRT (DOBT)