Main menu

Background

ဟင်္သာတမတ်ပဲဈေး မြင့်တက်လာ

Sun, 03/13/2011 - 05:08 -- Anonymous (not verified)

ဟင်္သာတမတ်ပဲဈေး မြင့်တက်လာ              ဟင်္သာတပဲဈေးကွက်ကို ယခုမတ်လ ဒုတိယပတ်မှာ မတ်ပဲသစ်များ ဝင်လာတာကိုတွေ့ရပါတယ်။ ဟင်္သာတ ခရိုင်အတွင်း အများဆုံးစိုက်ပျိုးတဲ့ မြို့နယ် များဖြစ်တဲ့ ဟင်္သာတနဲ့ ဇလွန်မြို့နယ်များမှာ မတ်ပဲသစ်များကို ရန်ကုန်ဈေးကွက်သို့ တစ်ပတ်အတွင်း အိတ် ၈၅ဝဝ ခန့် တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။ မတ်ပဲ တစ်တင်းဈေးမှာ ယခင်အပတ်က ၂၁၉ဝဝ ကျပ်ဖြစ်ပြီး ယခုအပတ်တွင် ပိဿာ ၂ဝ ဝင် တစ်တင်းကို ၂၂၄ဝဝ ကျပ်နဲ့ အရောင်းအဝယ် ဖြစ်ခဲ့ပြီး ရောင်းဝယ်မှု အနေနဲ့ ယခင်အပတ်ထက်ပိုများလာတယ်လို့ သိရပါတယ်။ အေးအေးခိုင်