Main menu

Background

ပဲစင်းငုံတင်ပို့မှုလည်း အနည်းငယ်တက်လာ

Sun, 03/13/2011 - 05:09 -- Anonymous (not verified)

ပဲစင်းငုံတင်ပို့မှုလည်း အနည်းငယ်တက်လာ                   ယခုသီတင်းပတ် (မတ်လ ၃ ရက်မှ ၉ ရက်) အတွင်းမှာ ပင်လယ်ရေကြောင်း က ပဲစင်းငုံတင်ပို့မှုလည်း တန်ချိန် ၅၆ဝဝ ကျော်ကို တိုးတက်တင်ပို့နိုင်တာတွေ့ရပါတယ်။ အိန္ဒိယဈေးကွက်တွေမှာ ဈေးကျတယ်ဆိုပေမဲ့ ကုန်သည်အချင်းချင်း အရောင်းအဝယ်ဖြစ်သလို နိုင်ငံပိုင်အေဂျင်စီက ခေါ်ယူတဲ့ တင်ဒါအတွက်လည်း အဝယ်ရှိတာကြောင့် တင်ပို့မှုတက်လာတာဖြစ်ပါတယ်။ ယခုသီတင်းပတ်မှာလည်း ပြည်ပရောင်းချတဲ့ ပမာဏများတယ်လို့ သိရပါတယ်။ ပြည်တွင်းပဲစင်းငုံဈေးအနေနဲ့ မတ်ပဲ ဈေးတက်တာကြောင့် လိုက်ပါမြင့်တက်ပေမဲ့ ၤဥြ ဈေးကတော့ ယခင် သီတင်းပတ် အတိုင်း ငြိမ်နေတာတွေ့ရပါတယ်။ မတ်လ ၁၁ ရက် ရန်ကုန် FOB ဈေးအနေနဲ့ ပဲစင်းငုံနီ (FAQ)တစ်တန်ကို ကန်ဒေါ်လာ  ၉ဝဝ-၉၂ဝ နဲ့ ပဲစင်းငုံဖြူနီနဲ့ အဖြူ တစ်တန်ကို ကန်ဒေါ်လာ ၇၆ဝ- ၇၈ဝ အသီးသီးဖြစ်တယ်လို့ သိရပါတယ်။MIRT - MAPT