Main menu

Background

မုံရွာငုံနီဈေးကွက်အဝယ်သွက် အသယ်သွက်

Sun, 03/13/2011 - 05:11 -- Anonymous (not verified)

မုံရွာငုံနီဈေးကွက်အဝယ်သွက် အသယ်သွက်                 မုံရွာကုန်စည်ဒိုင် မတ်လပထမပတ်ပဲဈေးကွက်မှာ ပဲစင်းငုံနီ ရောင်းဝယ်မှု အေးအေးမှန်မှန်သာရှိခဲ့ပြီး ပေါက်ဈေးအားဖြင့် တစ်တင်း ၂ဝဝဝဝ ကျပ်-၂ဝ၅ဝဝ ကျပ်ကြားမှာ ဈေးငြိမ်နေတာကို တွေ့ပါတယ်။ ဝယ်လက်အနေနဲ့ ရန်ကုန်က အများဆုံးဆွဲယူနေသလို သယ်ယူခချိုသာတဲ့ မုံရွာ၊ မြင်းမူ၊ ရန်ကုန်၊ ကုန်းကြောင်း၊ ရေကြောင်း ဖက်စပ်ခရီးစဉ်နဲ့ အများဆုံးတင်ပို့ခဲ့ကြတာတွေ့ရပါတယ်။ ဒီရက်သတ္တပတ်မှာ မုံရွာကုန်စည်ဒိုင် ပဲစင်းငုံအရောင်းအဝယ်ဖြစ်မှုကတော့ တစ်ရက် ပျမ်းမျှအိတ် ၃ဝဝဝ ခန့် ရှိတယ်လို့ ဈေးကွက်ကဆိုပါတယ်။ နယ်ကပဲအဝင် ပုံမှန် ရှိခဲ့ပြီး မုံရွာကုန်စည်ဒိုင်နယ်မြေကနေ ပဲစင်းငုံထပ်ဆင့် တင်ပို့စီးဆင်းမှုအနေနဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ အတွင်းက မန္တလေးကို တင်း ၁၂ဝဝဝ ခန့် ရန်ကုန်ကို တင်း ၆၅ဝဝဝခန့်နဲ့ ပခုက္ကူကို တင်း ၁ဝဝဝဝ ခန့် ရှိခဲ့ပြီး မတ်လ ပထမပတ်တွင် မန္တလေး ကို တင်း ၁၂ဝဝ ကျော်၊ ရန်ကုန်ကို တင်း ၁၂ဝဝဝ ကျော်နဲ့ ပခုက္ကူကို တင်း ၈ဝဝ ကျော်ခန့်ရှိကြောင်း သိရပါတယ်။ ထွန်းလှိုင်