Main menu

Background

ဝယ်လိုအားကောင်းလို့ မန်းပဲစင်းငုံနီဈေးအနည်းငယ်မြင့်လာ

Sun, 03/13/2011 - 05:12 -- Anonymous (not verified)

ဝယ်လိုအားကောင်းလို့ မန်းပဲစင်းငုံနီဈေးအနည်းငယ်မြင့်လာ              မန်းဈေးကွက်အတွင်းသို့ ရွှေဘို၊ မုံရွာ၊ ထန်းတပင်၊ ဇီးကုန်းဒေသများမှ ထွက်ရှိသော ပဲစင်းငုံများအပြင် မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်များမှ ထွက်ရှိသော ပဲစင်းငုံများလည်း ဈေးကွက်အတွင်းသို့ ဝင်ရောက် လျက်ရှိပါတယ်။ ယခင်တစ်ပတ်မှာ ရန်ကုန်ဝယ်လိုအားနည်းခဲ့ပြီး ဈေးအေးခဲ့သော်လည်း ယခုတစ်ပတ်မှာတော့ ရန်ကုန်ဝယ်လိုအား ကောင်းလာတာကြောင့် ဈေးမြင့်လာတာကို တွေ့ရပါတယ်။ ယခင်တစ်ပတ် ပဲစင်းငုံနီတစ်ပိဿာ ၁ဝ၂၅ ကျပ်၊ ငုံဖြူ တစ်ပိဿာ ၈ဝ၈ ကျပ်ဈေးရှိခဲ့ပြီး ယခုတစ်ပတ်မှာတော့ ပဲစင်းငုံနီ တစ်ပိဿာ ၁ဝ၄၂ ကျပ်၊ တစ်တန် ၆၃၈၁ဝဝ ကျပ်၊ ငုံဖြူ တစ်ပိဿာ ၈၁၇ ကျပ်၊ တစ်တန် ၅ဝဝ၃ဝဝ ကျပ်ဈေးတို့ဖြင့် အရောင်းအဝယ် ဖြစ်နေကြပါတယ်။ ယခုတစ်ပတ် မန်းဈေးကွက်အတွင်းမှာ ရန်ကုန်ဝယ်လက်ရှိနေသလို ပဲခွဲစက်လုပ်ငန်းရှင်များမှ လည်း ဝယ်လိုအားရှိနေတာကြောင့် ဈေးမာလာတာဖြစ်တယ်လို့ ကုန်သည်များထံမှ သိရပါတယ်။ ကျော်ကျော်မိုး