Main menu

Background

ပခုက္ကူခရိုင် ပဲစင်းငုံအထွက်နဲ့ ဈေးကွက်

Sun, 03/13/2011 - 05:14 -- Anonymous (not verified)

ပခုက္ကူခရိုင် ပဲစင်းငုံအထွက်နဲ့ ဈေးကွက်               ယမန်နှစ် ၂ဝဝ၉-၂ဝ၁ဝ ပခုက္ကူခရိုင်မှာ ပဲစင်းငုံ ၁၄၇၆၁၅ ဧကစိုက်ပြီး တစ်ဧကကို ၁၅ တင်းနှုန်း နီးပါးထွက်ခဲ့လို့ အထွက်တန်ပေါင်း ၇ သောင်းကျော် တယ်လို့ သိရပြီး၊ ဒီနှစ် ၂ဝ၁ဝ-၂ဝ၁၁ မှာ ၁၄၇၈၁၃ ဧက စိုက်နိုင်ခဲ့တာ အထွက်နှုန်း က ၁၇ ဒသမ ၇၇ တင်းနှုန်းထိ ထွက်ခဲ့ပါတယ်။ အထွက်တန်ပေါင်းကလည်း တန်ချိန်ပေါင်း ၈၅ဝဝဝ ကျော်တယ်လို့ စာရင်းဇယားများအရ သိရပါတယ်။                     ယမန်နှစ်က ပဲစင်းငုံဈေးများဆက်တိုက်ကျဆင်းမှု ကြောင့် ပဲကုန်သည် တွေရဲ့ လက်ထဲမှာ ပဲဟောင်းများ လည်း ကျန်ရှိကာ ပဲဟောင်းဈေးကွက် အဖြစ် အရောင်းအဝယ်ဖြစ်ကြတာတွေ့ရပါတယ်။ ပဲစင်းငုံနီအဟောင်းရဲ့ ဈေးကွက်က ပဲသစ်ဈေးရဲ့အောက်မှာ ၂၅ဝဝ ကျပ်မှ ၃ဝဝဝ ကျပ်အကွာမှာ ရှိတတ် ပါတယ်။ယခုအပတ်ထဲမှာတော့ ပဲစင်းငုံအသစ်ဈေးက တစ်တင်းကို ကျပ် ၂ဝ၁ဝဝ ကျသွားခဲ့ပြီးမှ ၂၁ဝဝဝ ကျပ်ကျော်အထိ ပြန်လည်ဦးမော့လာတာ တွေ့ရပါတယ်။ ပဲဟောင်းများလည်း ကျန်ရှိပြီး၊ ပဲအသစ်များလည်း အထွက်ပိုခဲ့တဲ့အတွက် စီးဆင်းမှု မြန်ဆန်သွက်လက်တဲ့ ဈေးကွက်ဖြစ်ပေါ်ဖို့ လိုအပ်နေကြောင်းပါ။ မောင်မောင်အေး