Main menu

Background

ပဲလွန်းဖြူ၊ ပဲလွန်းနီ တင်ပို့မှု စံချိန်တင် မြင့်တက်

Sun, 03/13/2011 - 05:15 -- Anonymous (not verified)

ပဲလွန်းဖြူ၊ ပဲလွန်းနီ တင်ပို့မှု စံချိန်တင် မြင့်တက်                 အခြား ပဲအုပ်စုတွေထဲမှာ တစ်ပတ်ထက်တစ်ပတ် တိုးတက်တင်ပို့လာ နိုင်တာကတော့ ပဲလွန်းဖြူနဲ့ ပဲလွန်းနီ တို့ပဲဖြစ်ပါတယ်။ ယခင်သီတင်းပတ် ကလည်း ၂ မျိုးပေါင်း တန် ၁၂ဝဝ ခန့် အထိ တင်ပို့နိုင်ခဲ့သလို ဒီတစ်ပတ် မတ်လ ၃ ရက်မှ ၉ ရက်အတွင်းမှာလည်း ပဲလွန်းဖြူ တန် ၈ဝဝ ခန့်နဲ့ ပဲလွန်းနီ တန် ၆ဝဝ စုစုပေါင်း တန် ၁၄ဝဝ ခန့်အထိ စံချိန်တင် တိုးတက်ခဲ့ ပါတယ်။                 ပြည်တွင်းဒေသစုံက ဈေးကွက်တွေကို ဝင်လာနေသလို အိန္ဒိယ၊ အင်ဒိုနီးရှာ၊ ကိုရီးယား၊ ဖိလစ်ပိုင်၊ စင်ကာပူနဲ့ သီရိလင်္ကာစတဲ့ နိုင်ငံစုံက ဝယ်လိုအားကောင်းလို့ တင်ပို့မှု တက်လာတာဖြစ်ပါတယ်။ ဒါပေမဲ့ ရန်ကုန် FOB ဈေးကတော့ ယခင်တစ်ပတ်ဈေး လိုပဲ မတ်လ ၁၁ ရက်မှာလည်း FAQ တစ်တန်ကို ကန်ဒေါ်လာ ၈၈ဝ-၉ဝဝ နဲ့ SQ တစ်တန်ကို ကန်ဒေါ်လာ ၉၈ဝ- ၁ဝဝဝ အသီးသီးရှိတယ်လို့ သိရပါ တယ်။ MIRT - MAPT