Main menu

Background

မန်းဈေးကွက်မှာ ခရမ်းပဲတီရွှေဝါကို ဝယ်လိုအားကောင်း

Sun, 03/13/2011 - 05:29 -- Anonymous (not verified)

မန်းဈေးကွက်မှာ ခရမ်းပဲတီရွှေဝါကို ဝယ်လိုအားကောင်း                 မန်းဈေးကွက်တွင် ပဲတီစိမ်းကို တရုတ်ဝယ်လက်နှင့် ဒေသပဲခွဲစက်လုပ်ငန်းရှင်များ ဝယ်ယူမှုရှိနေတာကြောင့် ဈေးအေးမသွားဘဲ အရောင်းဝယ်ဖြစ်နေကြပါတယ်။ ဈေးကွက်တွင်းမှာ ခရမ်းပဲတီရွှေဝါအပြင် ပဲခူး၊ ဒိုက်ဦး၊ မုံရွာ၊ ရွှေဘိုစတဲ့ဒေသများမှလည်း ဈေးကွက်ထဲသို့ အနည်းငယ်စီးဝင်မှု ရှိနေတာကို တွေ့ရပါတယ်။ ပဲတီခရမ်းရွှေဝါက ဝယ်လက်အကြိုက်ဖြစ်နေတာကြောင့် ရောင်းဝယ်အားကောင်းပြီး တခြားပဲတီစိမ်းကတော့ ခပ်အေးအေးသာ ရှိနေပါတယ်။ ခရမ်းပဲတီရွှေဝါ တစ်ပိဿာ ၁၉၅၆ ကျပ်၊ တစ်တန် ၁၁၉၇၈ဝဝ ကျပ်၊ ပဲတီစိမ်းကြီးရိုးရိုး ထိပ်စ တစ်ပိဿာ ၁၅၄၇ ကျပ်၊ တစ်တန် ၉၄၇၃ဝဝ၊ အောက်စ တစ်ပိဿာ ၁၃၅၁ ကျပ်၊ တစ်တန် ၈၂၇၃ဝဝ ကျပ်ဈေးတို့ဖြင့် ရောင်းဝယ်နေကြပါတယ်။ ဈေးကွက်တွင်းမှာ ပဲတီခရမ်းရွှေဝါကို တရုတ်အဆွဲရှိနေတဲ့အတွက် ဈေးအေးမသွားဘဲ ရောင်းဝယ်အားကောင်းနေဦးမယ်လို့ ကုန်သည်များက ပြောပါတယ်။ ကျော်ကျော်မိုး