Main menu

Background

ကုန်ပစ္စည်းအဝင်နည်းလို့ အိန္ဒိယကုလားပဲဈေးပြန်ခိုင်မာလာ

Sun, 03/13/2011 - 05:31 -- Anonymous (not verified)

ကုန်ပစ္စည်းအဝင်နည်းလို့ အိန္ဒိယကုလားပဲဈေးပြန်ခိုင်မာလာ                     ယခုသီတင်းပတ်အတွင်း မတ်လ ၉ ရက်နေ့မှာ အိန္ဒိယပြည်တွင်း အင်ဒိုရီ ကုလားပဲလက်ငင်းဈေးကွက်ကို ပဲအဝင်လျော့ကျလာလို့ ကုလားပဲလက်ငင်းရော ကြိုပွိုင့်ဈေးပါ ၁ ရာခိုင်နှုန်းနဲ့ ဝ ဒသမ ၆၆ ရာခိုင်နှုန်းအသီးသီး မြင့်တက်လာ တယ်လို့ သိရပါတယ်။ ပဲလုံးဈေးနှုန်းခိုင်မာလာခြင်းကလည်း ကုလားပဲဈေးကို အထောက်အပံ့ ဖြစ်စေခဲ့ပါတယ်။ မတ်လ ၉ ရက်နေ့ အင်ဒိုရီဈေးကွက်ကို ပဲအိတ် ၂ဝဝဝ သာဝင်ရောက်လို့ ယခင်ရက်ဝင်ရောက်မှု အိတ် ၄ဝဝဝ ထက် ထက်ဝက်ကျ ဆင်း ခဲ့ပါတယ်။                    စိုက်ပျိုးရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ဇန်နဝါရီလ ၂၈ ရက်အထိ ကုလားပဲစိုက်ဧရိယာဟာ ဟက်တာ ၉၅ ဒသမ ၁၂ သိန်းရှိလို့ ယခင်နှစ်ကာလတူ စိုက်ဟက်တာ ၈၅ ဒသမ ၅၅ သိန်းထက် ၁၁ ဒသမ ၈ ရာခိုင်နှုန်းပိုမိုလာတယ်လို့ ဆိုပါတယ်။ ဖေဖော်ဝါရီလ ၁၈ ရက်နေ့အထိ ဟက်တာ ၁၅ ဒသမ ၂ သန်း တိုးတက်လာခဲ့တယ်လို့ သိရပါတယ်။ ဒုတိယအကြိမ် သီးနံှထွက်ရှိမှုကို ဖေဖော်ဝါရီလ ၉ ရက်ကခန့်မှန်းရာ ကုလားပဲတန်ချိန် ၇ ဒသမ ၃၇ သန်းထွက်ရှိနိုင်လို့ ယခင်နှစ်ထွက်ရှိတဲ့ တန်ချိန် ၇ ဒသမ ၄၈ သန်း ထက်လျော့ကျမယ်လို့ ဆိုပါတယ်။ ကမ္ဘာ့ဈေးကွက်အနေနဲ့ ကနေဒါ ကုလားပဲဖြူလုံးကြီး ထွက်ရှိမှုကို ၂ဝ၁ဝ-၂ဝ၁၁ အတွင်း တန်ချိန် ၁ ဒသမ ၂၈ သိန်း ခန့်မှန်းထားလို့ ယခင်နှစ်ထွက်ရှိတဲ့ တန်ချိန် ဝ ဒသမ ၇၆ သိန်းထက်ပိုမယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ သြစတြေးလျနိုင်ငံအတွင်း ရေလွှမ်းမိုးမှုကြောင့် ကုလားပဲအထွက်နှုန်းကို ထိခိုက်ခဲ့ရာ ၂ဝဝ၉-၂ဝ၁ဝ မှာ တန်ချိန် ၄ ဒသမ ၄၅ သိန်း ထွက်ရှိပေမဲ့ ၂ဝ၁ဝ-၁၁ မှာတော့ တန်ချိန် ၃ ဒသမ ၇၉ သိန်းကို လျော့ကျခန့်မှန်း ထားပါတယ်။ အိန္ဒိယပြည်တွင်း ကာလလတ် ကုလားပဲဈေးက ဆောင်းပဲအမှန်ထွက်ရှိမှု နဲ့ ဈေးကွက်တွေကို ပဲဝင်ရောက်မှုအပေါ် မူတည်ပြီးပြောင်းလဲနိုင်တယ်လို့ ဆိုပါတယ်။ မတ်လမှာတော့ တစ်တန်ကို ရူပီး ၂၄ဝဝဝ-၂၆ဝဝဝ (ကန်ဒေါ်လာ ၅၃၁-၅၇၈) ဝန်းကျင်နဲ့ အရောင်းအဝယ် ဖြစ်နိုင်တယ်လို့ ဈေးကွက်က ခန့်မှန်းကြပါ တယ်။ ယမင်းခင်၊Source: Angel Commodities