Main menu

Background

အဝင်များလို့ ဈေးအေးတဲ့ ပြည်ဘိုကိတ်

Sun, 03/13/2011 - 05:44 -- Anonymous (not verified)

အဝင်များလို့ ဈေးအေးတဲ့ ပြည်ဘိုကိတ်                 ပြည်ဈေးကွက်သို့ ပြည်အနီးတစ်ဝိုက်ရှိ ပန်းတောင်း၊ ဥသျှစ်ပင် မြို့နယ်များမှ ပဲသစ်များအဝင်ရှိနေပါတယ်။ ပဲသစ်တွေ ဝင်လာတာကြောင့် ဘိုကိတ် ဈေးမှာ ယခင်တစ်ပတ်ဈေးထက် ဈေးကျသွားကြောင်း သိရပါတယ်။ ယခင် တစ်ပတ်က ပိဿာ ၂ဝ တစ်တင်းကို ၁၈ဝဝဝ ကျပ်၊ ယခုတစ်ပတ်မှာတော့ တစ်တင်း ကို ၁၇ဝဝဝ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။ တစ်နေ့ကို အိတ် ၁ဝဝ မှ အိတ် ၁၅ဝ အထိ အဝင်ရှိနေသော်လည်း အရောင်း အဝယ်နေ့စဉ်မဖြစ်ဘူးလို့ သိရပါ တယ်။ ယခုတစ်ပတ်မှာတော့ ရန်ကုန်ကို အိတ် ၂ဝဝ တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ ဆုမွန်ဆွေ