Main menu

Background

ပြည်တွင်း လက်လီအရောင်းအဝယ်ဈေး(ဓာတ်ဆီ/ဒီဇယ်ဆီ)

Sun, 03/13/2011 - 05:58 -- Anonymous (not verified)

ဒီဇယ်ပီပါ တစ်သိန်းကိုးသောင်းကျော်ဝင်ခဲ့                  ပြည်တွင်းစက်သုံးဆီဈေးကွက်အတွက် မတ်လ ၁ ရက်မှ ၇ ရက်တာ ကာလ အတွင်း ဒီဇယ်ပီပါ တစ်သိန်းကိုးသောင်းကျော်၊ တန်ချိန်အားဖြင့် နှစ်သောင်းငါးထောင်လေးရာရှစ်ဆယ့်သုံးတန်ကို ပင်လယ်ရေကြောင်းကနေ တင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် ဒီဇယ်ဆီအဝင်တန်ချိန်မှာ နှစ်သောင်းကျော်သာ ရှိခဲ့တာကြောင့် ဒီသီတင်းပတ် ဒီဇယ်ဆီအဝင်နဲ့ယှဉ်ရင် တန်ချိန်ငါးထောင်ကျော်လောက် ပိုမိုတင် သွင်းနိုင်ခဲ့တာတွေ့ရပါတယ်။    MIRT-DOT နယ်စပ်မှ ဓာတ်ဆီထက် ဒီဇယ်တင်သွင်းမှုပို                    မတ်လ ၂ ရက်မှ ၈ ရက်ထိ ကာလအတွင်း ကန်ပိုက်တီး၊ ကော့သောင်းနဲ့ တာချီလိတ် နယ်စပ်စခန်းများမှ ကန်ဒေါ်လာ ၁ ဒသမ ၉၅ သန်းတန်ဖိုးရှိ ဒီဇယ်ဆီ ၅၆၁၅၁ဝ ဂါလန်နဲ့ ကော့သောင်းမှ ကန်ဒေါ်လာ ဝ ဒသမ ဝ၈၉ သန်း တန်ဖိုးရှိ ဓာတ်ဆီ ၂၉၇၅ဝ ဂါလန် တင်သွင်းနိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် ဒီဇယ်ဆီ ဂါလန် ၁၈၁၉၇၁ တင်သွင်းမှုပိုမိုခဲ့ပြီး ဓာတ်ဆီ ဂါလန် ၃၁၁ဝဝ ကျော် တင်သွင်းမှု လျော့နည်းခဲ့ပါတယ်။ ယခင်အပတ်က တာချီလိတ်မှ ဓာတ်ဆီတင်သွင်းမှု ရှိသော် လည်း ယခုအပတ်မှ တင်သွင်းနိုင်ခြင်းမရှိခဲ့ဘူးလို့ သိရပါတယ်။ MIRT-DOBT ပြည်တွင်း လက်လီအရောင်းအဝယ်ဈေး ပြည်တွင်းစက်သုံးဆီ လက်လီအဝယ် တစ်ဂါလန်ဈေးကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်- မတ် ၂ဝ၁၁               ဝယ်ဈေးဓာတ်ဆီ(ကျပ်)           ဝယ်ဈေးဒီဇယ်(ကျပ်)ရက်      ရန်ကုန်        မန္တလေး               ရန်ကုန်      မန္တလေး၇           ၄ဝဝဝ       ၄ဝဝဝ                     ၃၉ဝဝ      ၄၄ဝဝ၈           ၄ဝဝဝ       ၄ဝဝဝ                     ၃၉ဝဝ      ၄၄ဝဝ၉           ၄ဝဝဝ       ၄ဝဝဝ                     ၃၉ဝဝ      ၄၄ဝဝ၁ဝ         ၄ဝဝဝ      ၄၈ဝဝ                      ၃၉ဝဝ      ၄၄ဝဝ၁၁        ၄၅ဝဝ       ၄၈ဝဝ                      ၃၉ဝဝ      ၄၄ဝဝMIRT-DOT