Main menu

Background

လစ်ဗျား အကျပ်အတည်းက ရေနံဈေးနှုန်းကို ကန်ဒေါ်လာ ၂ဝဝ ကျော်ထိ မြင့်တက်နိုင်

Sun, 03/13/2011 - 05:58 -- Anonymous (not verified)

 လစ်ဗျား အကျပ်အတည်းက ရေနံဈေးနှုန်းကို ကန်ဒေါ်လာ ၂ဝဝ ကျော်ထိ မြင့်တက်နိုင်                         လစ်ဗျားအကျပ်အတည်းက ရေနံစိမ်းဈေးနှုန်းကို အမေရိကန်ဒေါ်လာ ၂ဝဝ ကျော်ထိ မြင့်တက်စေနိုင်ကြောင်း လေ့လာဆန်းစစ်သူတွေက ပြောကြားလိုက်ပါတယ်။ ၎င်းအခြေအနေတွင် ကမ္ဘာ့ဈေးကွက်မှာရရှိနိုင်တဲ့ ရေနံစိမ်းပမာဏမှာ လွန်စွာလုံလောက်မှုရှိကြောင်း ဆော်ဒီအာရေဗျရေနံဝန်ကြီးက မတ် ၈ ရက်တွင် ပြောကြားလိုက်ပါတယ်။                                        လစ်ဗျားနိုင်ငံတွင် အကြမ်းဖက်မှုများ၊ နိုင်ငံရေးမတည်ငြိမ်မှုများ ဖြစ်ပွားနေ တာကြောင့် နိုင်ငံရဲ့ရေနံထုတ်လုပ်မှုရှည်ကြာစွာ ကျဆင်းနိုင်ကြောင်း၊ လစ်ဗျားနိုင်ငံ အနီးရှိ ရေနံထုတ်လုပ်တဲ့နိုင်ငံတွေကလည်း အလားတူရေနံထုတ်လုပ်မှု ရှည်ကြာစွာ ကျဆင်းနိုင်ကြောင်း လေ့လာဆန်းစစ်သူများက ပြောကြားပါတယ်။ လုပ်သားတွေကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးထားပြီး လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်းထားတဲ့ ပြည်ပကုမ္ပဏီများကလည်း လုပ်ငန်းပြန်လည်စတင်ဖို့ မဖြစ်နိုင်သေးပါ။ လစ်ဗျားနိုင်ငံရဲ့ နေ့စဉ်ရေနံထုတ်လုပ်မှုစည်သန်းပေါင်း ၁ ဒသမ ၆ သန်းရှိတဲ့ အနက် စည်သန်းပေါင်း ၁ သန်း (နိုင်ငံရဲ့ ရေနံထုတ်လုပ်မှု ၃ ပုံပုံ ၂ ပုံ) လျော့ကျနေ နိုင်ကြောင်း နိုင်ငံတကာစွမ်းအင်အေဂျင်စီ (International Energy Agency)  က ပြောကြားပါတယ်။ အာဖရိကတိုက်ရှိလစ်ဗျားနိုင်ငံက နိုက်ဂျီးရီးယား၊ အယ်လ်ဂျီး ရီးယားနဲ့ အင်ဂိုလာနိုင်ငံတို့ပြီးရင် ကမ္ဘာ့စတုတ္ထအများဆုံး ရေနံတင်ပို့တဲ့နိုင်ငံ ဖြစ်ပါတယ်။ Source:CAN.com,သိန်းမြင့်ဝေ