Main menu

Background

ကမ္ဘာ့စိန်ဈေးကွက် ၁၅ ရာခိုင်နှုန်း တိုးတက်ပေမယ့် ပြည်တွင်းစိန်ဈေးကွက် ငြိမ်သက်နေဆ

Sun, 03/13/2011 - 06:05 -- Anonymous (not verified)

 ကမ္ဘာ့စိန်ဈေးကွက် ၁၅ ရာခိုင်နှုန်း တိုးတက်ပေမယ့် ပြည်တွင်းစိန်ဈေးကွက် ငြိမ်သက်နေဆ                 လက်ရှိစိန်လောကတွင် ကမ္ဘာ့စိန်ဈေးကွက်မှာ ၁၅ ရာခိုင်နှုန်းအထိ တိုးတက် သွားခဲ့ကြောင်း စိန်လောကအသိုင်းအဝိုင်းမှတစ်ဆင့် သိရသည်။ ကမ္ဘာ့ရွှေဈေးနှင့် အပြိုင် စိန်ဈေးကွက်မြင့်တက်လာခဲ့သော်လည်း ယင်းကဲ့သို့ဈေးတက်မှုမှာ ပြည်တွင်း သို့ ရိုက်ခတ်ခြင်းမရှိသေးဘဲ မြန်မာနိုင်ငံ၏ စိန်ဈေးကွက်မှာ ဈေးနှုန်းငြိမ်သက် လျက်ရှိကြောင်း သိရသည်။                   ထိုကဲ့သို့ ပြည်တွင်းစိန်ဈေးကွက် အတက်အကျမရှိဘဲ ပုံမှန်ရှိနေရခြင်းမှာ ရောင်းအားဝယ်အားကြောင့်ဖြစ်သည်ဟု ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ စိန်ဈေးမှာ ဒေါ်လာဈေးပေါ်မူတည်၍ ဒေါ်လာဈေးမြင့်တက်ပါက စိန်ဈေးနှုန်းများ ပါ မြင့်တက်လာကာ လွန်ခဲ့သည့်လများတွင်မူ ကမ္ဘာ့စိန်ဈေးသည်လည်း ပုံမှန်အတိုင်း သာရှိနေခဲ့သည်။ ကမ္ဘာအရပ်ရပ်ရှိနိုင်ငံများသို့ အိန္ဒိယနိုင်ငံမှတစ်ဆင့် စိန်များတင် သွင်း ရောင်းချလျက်ရှိပြီး ၁၅ ရာခိုင်နှုန်းခန့် မြင့်တက်ခြင်းမှာ မသွေးရသေးသော စိန်ရိုင်းဈေးဖြစ်သည်။ မြန်မာပြည်သို့ တင်သွင်းရောင်းချနေသည့် စိန်များမှာလည်း အိန္ဒိယနိုင်ငံမှသာ အများဆုံးဖြစ်သည်ဟု သိရသည်။                        ''စိန်ဈေးတွေ ၁၅ ရာခိုင်နှုန်းလောက် မြင့်တက်သွားပါတယ်။ ဒါပေမယ့် မြန်မာ ပြည်မှာတော့ မတက်ပါဘူး။ လောလောဆယ်ပြောတာပါ။ ဘာကြောင့်လဲဆိုရင် အခုစိန်တွေက အရောင်းအဝယ်အေးနေတယ်။ အဲဒီတော့ ဈေးမတက်ရဲကြသေးဘူး။ တကယ်လို့ အရောင်းအဝယ်လိုက်လာရင်တော့ ဈေးတက်လာမယ့် သဘောရှိ တယ်။ လတ်တလော ဈေးကွက်အတွင်းမှာ အရောင်းအဝယ်ဖြစ်နေတဲ့ စိန်အမျိုး အစားတွေကတော့ အဖြူနဲ့ အပွင့်ကြီးတွေ၊ အဖြူအသန့်တွေ စိတ်ဝင်စားကြတာ များတယ်''ဟု စိန်လောကသားတစ်ဦးကဆိုသည်။ မင်းချို