Main menu

Background

မတ်လဆန်းပိုင်းတွင် ကမ္ဘာ့ရွှေဈေး တစ်အောင်စလျှင် ၁၄၄ဝ ဒေါ်လာအထိ မြင့်မားလာ

Sun, 03/13/2011 - 06:11 -- Anonymous (not verified)

 မတ်လဆန်းပိုင်းတွင် ကမ္ဘာ့ရွှေဈေး တစ်အောင်စလျှင် ၁၄၄ဝ ဒေါ်လာအထိ မြင့်မားလာ                ၂ဝ၁ဝ ခုနှစ်အတွင်း ငွေကြေး ဖောင်းပွမှုနှုန်း မြင့်မားခြင်းနဲ့ ငွေကြေး တန်ဖိုး လျော့ကျခြင်းတို့အပေါ် စိုးရိမ်မှု တွေကြောင့် ကမ္ဘာ့ရွှေဈေးနှုန်း ၃ဝ ရာခိုင်နှုန်း မြင့်မားခဲ့ပါတယ်။ ဒီဇင်ဘာလ အတွင်း တစ်အောင်စကို ကန်ဒေါ်လာ ၁၄၃၂ ဒသမ ၅ဝ အထိ စံချိန်တင်မြင့် မားခဲ့တဲ့ ကမ္ဘာ့ရွှေဈေးနှုန်းက ၂ဝ၁၁ ဇန်နဝါရီလအတွင်း ၅ ဒသမ ၇ ရာခိုင် နှုန်း ပြန်လည် အားနည်းသွားခဲ့တယ်။ ကမ္ဘာ့စီးပွားရေး ပြန်လည်ဦးမော့လာမှု အရှိန်ရလာပြီး အမေရိကန်ဒေါ်လာ တန်ဖိုးအားကောင်းလာတာကြောင့် ရွှေဝယ်လိုအားကျဆင်းကာ ဈေးနှုန်းလည်း ကျဆင်းခဲ့တယ်။ ဒါ့ပြင် အီဂျစ်နိုင်ငံရေး မငြိမ်သက်မှုဖြစ်ပွားချိန်မှစပြီး ပြန်လည် မြင့်မားလာတဲ့ ရွှေဈေးနှုန်းကို တရုတ် နိုင်ငံရဲ့ ငွေကြေးဖောင်းပွမှု အစီရင်ခံစာ တင်ပြခြင်း၊ အိုမန်နဲ့ လစ်ဗျားအထိ ကူးစက်လာတဲ့ အရှေ့အလယ်ပိုင် ဒေသ နိုင်ငံရေးမငြိမ်သက်မှုများ ဆိုးဝါးလာ ခြင်း၊ အီဂျစ်က ရွှေတင်ပို့မှုကို ဇွန်လ ၃ဝ ရက်အထိ ပိတ်ပင်လိုက်ခြင်းတို့က တွန်းအားပေးခဲ့ပါတယ်။ ဒါကြောင့် ဖေဖော်ဝါရီလ ၂၂ ရက်မှစပြီး ရွှေဈေး မှာ တစ်အောင်စကို ကန်ဒေါ်လာ ၁၄ဝဝ အထက် ပြန်လည်ရောက်ရှိခဲ့ ရာ မတ် ၂ ရက် နံနက်ပိုင်းက တစ်အောင်စကို ၁၄၄ဝ ဒေါ်လာအထိ မှတ် တမ်းတင် မြင့်တက်ခဲ့ပါတယ်။ နာမည်ကျော် ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုများ ဆောင်ရွက်ပေးတဲ့ Credit Suisse Group AG မှ စီးပွားရေးပညာရှင်  Dong Tao  က ၂ဝ၁၁ ခုနှစ် ပထမလေးလအတွင်း ရွှေဈေးနှုန်း က တစ်အောင်စကို ကန်ဒေါ်လာ ၁၅ဝဝ အထိ ရောက်ရှိလာမယ်လို့ ဇန်န ဝါရီလအတွင်းက ခန့်မှန်းထားခဲ့ဖူးပါ တယ်။                    အရှေ့အလယ်ပိုင်းဒေသ နိုင်ငံ ရေးလက္ခဏာတွေ ကောင်းမွန်တိုးတက် မှုရှိလာတဲ့အချိန်တိုင်အောင် ကမ္ဘာ့ရွှေ ဈေးနဲ့ ရေနံဈေး အားကောင်းနေဦး မယ်လို့ Phillip Futures Pte Ltd  မှ စင်ကာပူအခြေစိုက် လေ့လာသူ  Ong Yi Ling  က ပြောကြားထားပါတယ်။ ှSource:Bloomberg.com , morgangold.com , goldline.com, ပပ