ဓာတ်မြေသြဇာအဝင်လျော့ ပင်လယ်ရေကြောင်းကုန်သွယ်မှုအနေဖြင့် မတ်လ ၁ ရက်နေ့မှ ၇ ရက်တာ ကာလအတွင်း ဓာတ်မြေသြဇာတန်ချိန် ၁၃၅၃ ဒသမ ၇၈ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၃၄ဝဝ၄၆ ဖိုးကို တင်သွင်းခဲ့ပါတယ်။ ထိုင်းနိုင်ငံမှ ကွန်ပေါင်းမြေသြဇာ တန် ၃ဝဝ နဲ့ တရုတ်နိုင်ငံမှ ကွန်ပေါင်းမြေသြဇာနဲ့ အမိုးနီးယမ်းနိုက်တြိတ်တန်ချိန် ၁ဝ၅၃ ဒသမ ၇၈ တန်တင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ်တန်ချိန် လေးထောင့် ခုနစ်ရာ တင်သွင်းခဲ့တဲ့အတွက် ဒီတစ်ပတ်အဝင်နဲ့ယှဉ်ရင် အဝင် ၃ ဆလောက် လျော့နည်းခဲ့တာ တွေ့ရပါတယ်။ MIRT(DOT) နယ်စပ်မှ ဓာတ်မြေသြဇာလည်း တင်သွင်းမှုလျော့ မတ်လ ၂ ရက်မှ ၈ရက်ထိကာလအတွင်း နယ်စပ်မှ ကန်ဒေါ်လာ ၃ သန်း ကျော်တန်ဖိုးရှိ ဓာတ်မြေသြဇာ ၁၂၇၇၂ တန် တင်သွင်းနိုင်ခဲ့ပါတယ်။ယခင်အပတ် ကထက် တန် ၁၂ဝဝ ကျော်တင်သွင်းမှု လျော့နည်းခဲ့ပါတယ်။ နယ်စပ်အလိုက် ဓာတ်မြေသြဇာ တင်သွင်းမှုတွေကတော့ မူဆယ်မှ ၁၂၄၉၉ တန်၊ တာချီလိတ်မှ ၄၄ တန်၊ ကော့သောင်းမှ တန် ၃ဝ ကျော်၊ တမူးမှ ၇တန်ခွဲနဲ့ ရိဒ်မှ ၁၉၁ တန်ကျော် အသီးသီးဖြစ်ပါတယ်။ တာချီလိတ်မှ တင်သွင်းတဲ့ဓါတ်မြေသြဇာမှာ အမိုးနီးယမ်း နိုက်တြိတ်၊ ကော့သောင်းမှ ကွန်ပေါင်း၊ တမူးနဲ့ ရိဒ်မှ ပိုတက်ရှ်တို့ ဖြစ်ပါတယ်။ မူဆယ်မှ အများဆုံးတင်သွင်းတဲ့ဓါတ်မြေသြဇာတွေကတော့ ယူရီးယား၊ အမိုးနီးယမ်း နိုက်တြိတ်၊ ကွန်ပေါင်း (NPK ၁၂း၁၃းဝ)၊ (၁ဝး၁ဝး၅)၊ တီစူပါဖော့စဖိတ်တို့ ဖြစ်ပါ တယ်။MIRT(DOBT) ဈေးကွက်က ဈေးနှုန်း ဒေသအသီးသီးရှိ ဓာတ်မြေသြဇာ ဈေးကွက်ပေါက်ဈေးများကို ဖော်ပြလိုက် ပါတယ် တိုင်းဒေသကြီး/ပြည်နယ် အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်)ရန်ကုန်တိုင်းဒေသကြီး(မာလာမြိုင်) ယူရီးယား(တရုတ်)နေရွက်လှေ ၂၃၅ဝဝ တီစူပါ မြား(တရုတ်) ၂၅ဝဝဝ တီစူပါ သံကွင်း(တရုတ်) ၂၅ဝဝဝ ပိုတက်(တရုတ်) ၂၃ဝဝဝမန္တလေးတိုင်းဒေသကြီး ယူရီးယား(တရုတ်-ရွှေတောင်) ၂ဝ၁ဝဝ ယူရီးယား(တရုတ်-ပန်းဖူး) ၂ဝ၄ဝဝ တီစူပါ GTSP 46% ၂၃၁ဝဝ တီစူပါ ှGSSP 16% ၉၅ဝဝ တီစူပါGSSP 12% ၈၈ဝဝ ကွန်ပေါင်း 15:15:15 (တရုတ်) ၂၉ဝဝဝ အာမို (ဒိုင်းမွန်းစတား) ၄ဝဝဝဝတောင်ငူ ယူရီးယား (ရွှေတောင်-တရုတ်) ၂၃၅ဝဝ ယူရီးယား (ကမ္ဘာလုံး-တရုတ်) ၂၃၅ဝဝ ယူရီးယား (ယူအေအီး-တရုတ်) ၂၃၅ဝဝ ကုလားအုတ်(တရုတ်) ၂၃၅ဝဝတောင်ကြီး ယူရီးယား-ပုလဲ(ကမ္ဘာလုံး-တရုတ်) ၂ဝဝဝဝ ယူရီးယား-ပုလဲ(ပန်းဖူး-တရုတ်) ၂ဝ၅ဝဝ ယူရီးယား-ပုလဲ(ရွှေတောင်-တရုတ်) ၂၁၅ဝဝ တီဆူပါ-(တရုတ်) 12% ၁ဝဝဝဝ တီဆူပါ-(တရုတ်) 16% ၁၁ဝဝဝ တီဆူပါ 15:15:15 (တရုတ်) ၃၉ဝဝဝ တီဆူပါ10:10:5 (တရုတ်) ၁၃ဝဝဝ ပိုတက်(တရုတ်) ၁၉၅ဝဝ ဓာတ်ဆား (တရုတ်) ၁၅၅ဝဝမော်လမြိုင် ပုလဲ(သေး)(ရွှေတုံး 46% တရုတ်) ၂၃၈ဝဝ ပုလဲ(သေး)(ရွှေပျား 46% တရုတ်) ၂၃၈ဝဝ ပုလဲ(သေး)(ရွှေတောင် 46% တရုတ်) ၂၃၈ဝဝ ကွန်ပေါင်း(အစိမ်း)ထိုင်း 15:15:15 ၃၈၅ဝဝ ကွန်ပေါင်း(ပန်းရောင်)ထိုင်း 15:15:15 ၃၄၅ဝဝ ကွန်ပေါင်း(မြင်းပံျ)ထိုင်း 16:16:8 ၃၂ဝဝဝ တီစူပါ (တရုတ်)သံကွင်း 46% ၂၆၅ဝဝ တီစူပါ (တရုတ်) မြား 46% ၂၅၅ဝဝ တီစူပါ (တရုတ်) မြားကမ္ဘာ 16% ၁၃၅ဝဝMIRT (MAPT)
Background