ရော်ဘာဈေးအနည်းငယ်ပြန်ကျသွားသော်လည်း ခဏတာသာခန့်မှန်း အရှေ့အလယ်ပိုင်းဒေသမှ မငြိမ်သက်မှုများကြောင့် ကမ္ဘာ့စီးပွားရေးကို ထိခိုက်လိမ့်မယ်ဆိုတဲ့ စိုးရိမ်ပူပန် မှုတွေ ကြောင့် ယခုတစ်ပတ်တွင် တိုကိုျရော်ဘာကြိုပွိုင့်ဈေးနှုန်းအနည်းငယ်ကျဆင်းသွားခဲ့ပါတယ်။ ၎င်းကျဆင်းမှုက ရောင်းလိုအား တင်းကြပ်မှုကြောင့် အချိန်အကန့်အသတ်တစ်ခုအတွင်းသာ ရှိမယ်လို့ ခန့်မှန်းရပါတယ်။ အိန္ဒိယရော်ဘာဈေးကွက်တွင် ဝယ်လိုအားနှေးကွေးမှုကြောင့် ရော်ဘာလက်ငင်းဈေးနှုန်း ကျဆင်းသွားခဲ့ပါတယ်။ မတ်လ ၄ ရက်နေ့က တိုကျိုကြိုပွိုင့်ရောင်းဝယ်ရေးတွင် သြဂုတ်လ သင်္ဘောတင်မဲ့ ရော်ဘာဈေးနှုန်းက တစ်ကီလိုဂရမ်ကို ၂ ဒသမ ၇ ယန်း (သုည ဒသမ ၆ ရာခိုင်နှုန်း) ဈေးကျသွားပြီး တစ်ကီလိုဂရမ်ကို ၄၇၃ ယန်း (တစ်တန်ကို ကန်ဒေါ်လာ ၅၇၃၄) နဲ့ ချုပ်ဆိုခဲ့ပါတယ်။ ရှန်ဟိုင်းကြိုပွိုင့်ရောင်းဝယ်ရေးတွင်လည်း မတ်လသင်္ဘောတင်မဲ့ ရော်ဘာဈေးနှုန်းကတစ်တန်ကို ကန် ဒေါ်လာ ၅၈၅၆ ကိုဈေးကျသွားကြောင်း သတင်းရရှိပါတယ်။ မကြာခင်က တိုကျိုရော်ဘာကြိုပွိုင့်ဈေးနှုန်းက ရောင်းလိုအားတင်းကြပ်မှုနဲ့ တာယာစက်ရုံများရဲ့ ဝယ်လိုအားများမှုကြောင့် ဈေးမြင့်နိုင်ကြောင်း သုံးသပ်ရပါတယ်။ သို့သော်လည်း ဖေဖော်ဝါရီလလယ်က စံချိန်တင်မြင့်တက်ခဲ့တဲ့ ဈေးနှုန်းလောက်တော့ မြင့်မားနိုင်မှာမဟုတ်ကြောင်းနဲ့ ဧပြီလတွင် ဈေးအနည်းငယ်ပြန်ကျသွားနိုင် ကြောင်း သုံးသပ်ထားပါတယ်။ တရုတ်၊ အိန္ဒိယနဲ့ မလေးရှားတို့ရဲ့ သဘာဝရော်ဘာဝယ်လိုအားက ကမ္ဘာ့ရော်ဘာ အသုံးပြုမှုရဲ့ ၄၈ ရာခိုင် နှုန်းကိုကိုယ်စားပြုနေပြီး ယခုနှစ်တွင် ပိုများမယ်လို့ သတင်းရရှိပါတယ်။ တရုတ်နိုင်ငံရဲ့ ဝယ်လိုအားက ၉ ဒသမ ၁ ရာခိုင်နှုန်း၊ အိန္ဒိယရဲ့ ဝယ်လိုအားက ၅ ရာခိုင်နှုန်းနဲ့ မလေးရှားရဲ့ ဝယ်လိုအားက ၇ ရာခိုင်နှုန်းအသီးသီးတက် သွားနိုင်ကြောင်း သုံးသပ် ထားပါတယ်။ အေးမွန်မွန်လှိုင်၊Source:commodityonline.com
Background