မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်နယ်စပ်များမှ ပြောင်းဖူးစေ့တင်ပို့ မတ်လ ၂ ရက်မှ ၈ ရက်ထိ ကာလအတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်၊ လွယ်ဂျယ်နဲ့ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ ၂ ဒသမ ၁၈ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၈၆၇၇ တန်ကျော်တင်ပို့နိုင် ခဲ့ပါတယ်။ ယခင်အပတ်က မူဆယ်နယ်စပ်တစ်ခုတည်းမှ ပြောင်းဖူးစေ့ ၈၆၁၁ တန် တင်ပို့ ခဲ့တာမို့ ယခုအပတ်မှာ ၅၅ တန် တင်ပို့မှု ပိုမိုခဲ့ပါတယ်။သယ်ယူပို့ဆောင် စရိတ် နှုန်းထားများ မြင့်တက်နေခြင်းကြောင့် မန္တလေးတိုင်းမှ ထွက်ရှိသော ပြောင်းဖူးစေ့ တင်ပို့မှု နည်းပါးပြီး မူဆယ်မှ တင်ပို့နေသော ပြောင်းဖူးစေ့မှာ ရှမ်းပြည်နယ် တစ်ဝိုက် လားရှိုး၊ နောင်ချို၊ ကျောက်မဲ ပတ်ဝန်းကျင်ဒေသထွက်များ ဖြစ်ပါတယ်။ ပြည်တွင်း ပြောင်းဈေးအနည်းငယ် မြင့်တက်မှုရှိသော်လည်း တစ်ဖက်နိုင်ငံဈေး အနည်းငယ် လျော့နည်းလျက် ရှိပါတယ်။ မိမိဘက်နဲ့ တစ်ဖက်နိုင်ငံ နယ်စပ်ပြောင်း ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ပါတယ် - မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပြောင်းဖူးစေ့ ၂၉ဝဝ၅၆ ၂၈ဝ၆၉၃ ၉၃၆၃ ၃ ၂၈၃ ၂၈၈ ၅ ၁ .၈MIRT (DOBT)
Background