Main menu

Background

ယခင်နှစ် မိုးတွင်းကာလ ရေမြုပ်ခဲ့သည့် မန္တလေးထွန်တုံးရပ်မြေကွက်များ

Sun, 03/13/2011 - 09:23 -- Anonymous (not verified)

ယခင်နှစ် မိုးတွင်းကာလ ရေမြုပ်ခဲ့သည့် မန္တလေးထွန်တုံးရပ်မြေကွက်များ                  တစ်ပတ်အတွင်းဈေးတက်ပြီး အရောင်းအဝယ်ဖြစ် ယခင်နှစ် မိုးတွင်းကာလက ရေမြုပ်ခဲ့တဲ့ မန္တလေးမြို့၊ မြို့သစ်အရှေ့ဖျား၊ ထွန်တုံးရပ်ရှိမြေကွက်များမှာ တစ်ပတ်အတွင်း ဈေးနှုန်းတက်ရိပ်ရှိလာပြီး အရောင်း အဝယ်သွက်လျက်ရှိကြောင်းသိရပါတယ်။ 'ထွန်တုံးရပ်ကရေကြီးပြီးနောက်ပိုင်း လူကြိုက်နည်းတဲ့အတွက် အရင်က ဈေးတန့်ပြီးး အရောင်းအဝယ်မရှိ သလောက်ဘဲ။ ဒီလထဲမှာမှ တဖြည်းဖြည်းဈေး တက်လာခဲ့ရာက ဒီတစ်ပတ်မှာ သိသိသာသာ ဈေးတက်သလို အရောင်းအဝယ် လိုက်လာတယ်။ ထွန်တုံးရပ်မှာ မနော်ဟရီလမ်းနဲ့ နီးတဲ့အကွက်ဆို သိန်း ၁၈ဝဝ နီးနီးရှိလာတယ်။ အရှေ့အနောက်ကြားလမ်း၊ ခိုင်ရွှေဝါလမ်း၊ ငကွဲျလမ်းပေါ်မှာ အရင်က ပေ ၄ဝ x ၆ဝ တစ်ကွက်ကို သိန်း ၂၃ဝ ဈေးပေါက်ရာက အခု သိန်း ၃၅ဝ တောင် ရှာဝယ်ရတယ်။ ကြားကွက်ဆို သိန်း ၂၈ဝ ကနေ သိန်း ၃ဝဝ နဲ့၊ ပပ-၁၊ ပပ-၂ မှာ တစ်ကွက်ကို သိန်း ၃၅ဝ၊ ၃၆၅ ဝန်းကျင်ရှိတယ်။ မနော်ဟရီ လမ်းမပေါ် ၄၆ နဲ့ ၄၇ လမ်းကြားဆို သိန်း ၁၉ဝဝ ကနေ ၂၂ဝဝ ထိတက်လာတယ်။ ၅၃ လမ်းနဲ့ ၅၄ လမ်းကြားမှာ သိန်း ၁၅ဝဝ က သိန်း ၂ဝဝဝ ထိရှိလာတယ်။ မနော်ဟရီလမ်းမကြီးတောင်ဘက်က 'ဖဖ' အကွက်က 'ဇဇ' အကွက်နဲ့ယှဉ်ရင် ဈေးနည်းနည်းလျော့တယ်။ 'ဇဇ'ဘက်က ကိုယ်ထူကိုယ်ထလမ်းတွေ လုပ်ကြတဲ့ အတွက် ဈေးပိုတယ်'လို့ မြေပွဲစားတစ်ဦးက ပြောပါတယ်။                 ထွန်တုံးရပ်မှာ မန္တလေးမြို့သစ် အရှေ့ဖျားတွင်ရှိသော်လည်း မန္တလေး- ပြင်ဦးလွင် ကားလမ်းမကြီးအနီးတွင်ရှိပြီး၊ ၄၈ အိမ်ရာစီမံကိန်းများ ဆောက်လုပ် လာခြင်း၊ လမ်းများကောင်းမွန်လာခြင်း၊ လတ်တလောတွင် ၅၃ လမ်းအနီး စီမံကိန်းလုပ်ငန်းတစ်ခုပြုလုပ်ရန် လျာထားခြင်းများကြောင့် အရောင်းအဝယ်ဖြစ် လာကြောင်း သိရပါတယ်။ ဇူူးးဇူူးး