မန်းစက်သုံးဆီဈေးနှုန်း ဈေးမာလျက်ရှိ မန္တလေးမြို့ရှိ စက်သုံးဆီအရောင်းဆိုင်များတွင် စက်သုံးဆီ ဈေးနှုန်းများ ဈေးမာလျက်ရှိကြောင်း သိရပါတယ်။ ဖေဖော်ဝါရီလဆန်းပိုင်းက ဒီဇယ် တစ်ဂါလန်ကို ၃၃ဝဝ ကျပ်ဈေးရှိခဲ့ရာမှ လလယ်ပိုင်းကစ၍ ဈေးမြင့်တက်ခဲ့ရာ အမြင့်ဆုံးဈေး ၅၂ဝဝ ကျပ်ထိ မြင့်တက် လာခဲ့ပါတယ်။ ယခုလတွင် ဈေးပြန် ကျဆင်းခဲ့ရာ တစ်ဂါလန်ကို ၄၃ဝဝ ကျပ်ဖြင့် ဈေးမာလျက်ရှိပါတယ်။ ပြင်ပ ဓာတ်ဆီဈေး တစ်ဂါလန်ကို ၃၂ဝဝ ကျပ်ဈေးမှ ယခုလတွင် တစ်ဂါလန် ၄၃ဝဝ ကျပ်ဈေးဖြင့် ရောင်းချလျက်ရှိပြီး အောက်တိန်းဆီ တစ်ဂါလန်ကို ၄၂ဝဝ ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရ ပါတယ်။ ယခုလ ပွင့်လင်းရာသီအချိန်အခါ တွင် အပန်းဖြေခရီးသွားသူများ၊ ဘုရား ဖူးခရီးသွားများ အများအပြား သွား လာမှုရှိ၍ ယာဉ်သုံးစွဲမှု များလာခြင်း ကြောင့် လောင်စာဆီသုံးစွဲမှုများကာ အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဈေးမာ လျက်ရှိကြောင်း စက်သုံးဆီအရောင်း ဆိုင်တစ်ဆိုင်မှ သိရပါတယ်။ မန္တလေးမြို့ရှိ ပုဂ္ဂလိက လွဲှပြောင်း ခွင့်ရ စက်သုံးဆီဆိုင်တစ်ဆိုင်တွင် ယခု တစ်ပတ် ရောင်းချလျက်ရှိသည့် စက်သုံးဆီဈေးနှုန်းမှာ ဒီဇယ်တစ်ဂါလန် ၄ ဒသမ ၅ လီတာကို ၄၅ဝဝ ကျပ်၊ ဓာတ် ဆီ တစ်ဂါလန်ကို ၂၅ဝဝကျပ်၊ အောက် တိန်းဆီ တစ်ဂါလန်ကို ၄၂ဝဝ ကျပ်ဖြင့် ရောင်းချလျက်ရှိတာတွေ့ရပါတယ်။ ဇူးဇူး
Background