Main menu

Background

မန္တလေးမြို့ရဲ့ ရေကြောင်း စုန်/ဆန် ကုန်ပစ္စည်း သယ်ဆောင်ခနှုန်းထား

Sun, 03/13/2011 - 09:29 -- Anonymous (not verified)

 မန္တလေးမြို့ရဲ့ ရေကြောင်း စုန်/ဆန် ကုန်ပစ္စည်း သယ်ဆောင်ခနှုန်းထား                      မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့မှ ကချင်ပြည်နယ်၊ ဗန်းမော်မြို့သို့ လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ပြည်မြို့သို့ လည်းကောင်း ပြေးဆွဲခုတ် မောင်းလျက်ရှိတဲ့ ဧရာဝတီ ပြည်တွင်း ရေကြောင်းခရီးသည် ပို့ဆောင်ရေးမှ ကုန်ပစ္စည်းများကို သယ်ယူပို့ဆောင်ရာ မှာ ၂ဝဝ၇ ခုနှစ် နိုဝင်ဘာလမတိုင်မီ အထိ သင်္ဘောတင်တဲ့ ကုန်ပစ္စည်းတန် ဆာခ နှုန်းထားမှာ မန္တလေး-ဗန်းမော် ကုန်ချိန်ပိဿာ ၁ဝဝ လျှင် ၃၅၈ ကျပ်၊ မန္တလေး-ပြည်ကုန်ချိန်ပိဿာ ၁ဝဝ လျှင် ၄၃၅ ကျပ်ဖြင့် ပို့ဆောင်ပေးခဲ့ပါတယ်။ ၂ဝဝ၇ ခုနှစ် နိုဝင်ဘာလနောက် ပိုင်း သင်္ဘောတင်ကုန်ပစ္စည်းတန်ဆာခ များကို ပြောင်းလဲသတ်မှတ်ခဲ့ပြီး၊ ယခု အချိန်အထိ ၎င်းနှုန်းထားအတိုင်း ကုန်ပစ္စည်းများကို ပို့ဆောင်ပေးလျက်ရှိပါတယ်။ ယခုလက်ရှိ သင်္ဘောတင်ကုန် ပစ္စည်း တန်ဆာခနှုန်းထားများကတော့ မန္တလေး-ဗန်းမော် ကုန်ချိန်ပိဿာ ၁ဝဝ လျှင် ၁ဝ၆၂ ကျပ်၊ မန္တလေး-ပြည် ကုန် ချိန်ပိဿာ ၁ဝဝ လျှင် ၁၂၉ဝ ကျပ်ဖြင့် သယ်ယူပို့ဆောင်ပေးလျက်ရှိကြောင်း သိရပါတယ်။                     မန္တလေးမှ ဗန်းမော်အထိ ခရီးလမ်း ရေမိုင် ၂၇၅ ရှိပြီး၊ မန္တလေးမှပြည်အထိ ခရီးလမ်းရေမိုင် ၃၃၄ မိုင်ရှိပါတယ်။ ရေလမ်းခရီးမှ ကုန်ပစ္စည်းပို့ဆောင်ရာ မှာ အခြားသယ်ယူပို့ဆောင်ရေးများ ထက်စရိတ်သက်သာတဲ့အတွက် နေ့စဉ် နဲ့အမျှ ကုန်ပစ္စည်းများကို ပို့ဆောင်ပေးရကြောင်း သိရပါတယ်။ ကုန်ပစ္စည်းတန် ဆာခနှုန်းထားကို ချွင်းချက်အနေဖြင့် ညစ်ညမ်းကုန်ပစ္စည်း (ဥပမာ-သကာရည်၊ ငံပြာရည်၊ ငပိစသည်)နှင့် သင်္ဘော ၏ ကြံ့ခိုင်ရေးအားထိခိုက်စေနိုင်တဲ့ ကုန် ပစ္စည်းများကို ပုံမှန်တန်ဆာခထက် ၂၅ ရာခိုင်နှုန်းမှ ၅ဝ ရာခိုင်နှုန်းအထိ တိုးမြှင့် ကောက်ခံကြောင်း သိရပါတယ်။ လွင်လွင်အေး