ဈေးကောင်းစောင့်တဲ့ ရှမ်းချင်းဈေးကွက် ဒီတစ်ပတ် ရှမ်းပြည်နယ်တောင်ပိုင်းရဲ့ နမ့်စန်ချင်းဈေးကွက်မှာ ချင်းစို ဈေးတက်လာပါတယ်။ အဝင်က လည်း နည်းနေပါတယ်။ တောင်သူတွေကတော့ ကြိုက်ဈေးရမှ ဖော်မယ်ဆိုပြီး ဈေးကောင်းကို စောင့်နေပါတယ်။ ချင်းခြောက်တွေ ကလည်း တစ်ရက်ကို နည်းနည်းစီသာဝင်နေပါသေးတယ်။ သြင်္ကန်ပြီးလောက်မှသာ ဈေးကွက်ကို လှိုင်လှိုင်ဝင်လာမှာဖြစ်ပါတယ်။ နမ့်စန်ဈေးကွက်မှာ ချင်း(စို) ဈေးက တစ်ပိဿာ ၄၅ဝ ကျပ်-၄၆ဝ ကျပ်ဈေး ရှိပါတယ်။ ချင်းခြောက်ကတော့ တစ်ပိဿာ ၁၅ဝဝ ကျပ်ဈေးရှိပါတယ်။ ဟိုပုံးဈေးကွက်မှာ ချင်း(စို)လည်း အဝင်မရှိသလောက်ဖြစ်နေပြီး၊ လက် ကျန်ချင်းတွေကိုသာ အရောင်းအဝယ် ပြုလုပ်နေကြတယ်လို့ သိရပါတယ်။ လက်ကျန် ချင်းစိုတွေမှ ချင်းအခက်လှရင် လှသလို ဈေးကောင်းရနေပါတယ်။ အပင်ကျ၊ အခက်လှချင်းက တစ်ပိဿာကို ၅၅ဝ ကျပ်-၆ဝဝ ကျပ်ဈေးရှိပြီး၊ ပယ်ချင်း တွေကတော့ တစ်ပိဿာ ၃ဝဝ ကျပ်-၃၅ဝ ကျပ်ဈေးရှိပါတယ်။ ချင်းခြောက် ကတော့ နမ့်စန်ချင်းတွေလိုပဲ၊ သြင်္ကန်ပြီးမှသာ ဈေးကွက်ကို ဝင်လာတော့မှာ ဖြစ်ပါတယ်။ ချင်းခြောက်ဈေးကတော့ တစ်ပိဿာ ၁၉၅ဝ ကျပ်-၂ဝဝဝ ကျပ်ရှိပါ တယ်။ အောင်ပန်းဈေးကွက်မှာ ချင်း(စို) ဈေးက တစ်ပိဿာ ၄၅ဝ ကျပ်မှ ၆၅ဝ ကျပ်ဈေးနဲ့ ဈေးငြိမ်နေပြီး ချင်းခြောက်တော့ တစ်ပိဿာ ၁၇ဝဝ ကျပ်ဈေးရှိပါတယ်။ တောင်ကြီးဈေးကွက်မှာတော့ ချင်းခြောက်ဈေးက တစ်ပိဿာ ၂ဝဝဝ ကျပ်နဲ့ ဈေးငြိမ်နေပါတယ်။ ဧဧခိုင်
Background