Main menu

Background

ဧပြီလမှ ဇန်နဝါရီလအတွင်း အိန္ဒိယချင်းတင်ပို့မှု ၂ ဆ မြင့်တက်

Sun, 03/13/2011 - 09:47 -- Anonymous (not verified)

ဧပြီလမှ ဇန်နဝါရီလအတွင်း အိန္ဒိယချင်းတင်ပို့မှု ၂ ဆ မြင့်တက်             ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ် ဧပြီလမှ ဇန်နဝါရီလအတွင်း အိန္ဒိယနိုင်ငံရဲ့ ချင်းတင်ပို့မှုဟာ တန်ချိန် ၁ဝ၅ဝဝ ရှိလို့ ၂ဝဝ၉-၂ဝ၁ဝ ကာလတူမှာနဲ့နှိုင်းယှဉ်ရင် အထွက်လျော့ကျခဲ့တာကြောင့် တန်ချိန် ၄၆၅ဝ တင်ပို့မှုထက် ၂ ဆမြင့်တက် ခဲ့တယ်လို့ ဟင်းခတ်အမွှေးအကြိုင်အဖွဲ့ စာရင်းအရ သိရပါတယ်။ ကမ္ဘာမှာ အိန္ဒိယ၊ တရုတ်နဲ့ အင်ဒိုနီးရှားတို့ဟာ ထိပ်တန်းချင်းထုတ်လုပ်နိုင်ငံများ ဖြစ်ပါတယ်။ ယင်းကာလအတွင်း ချင်း၊ ကြက်သွန်ဖြူ၊ စမုန်မျိုးငါးပါးနဲ့ ငရုတ်သီးတင်ပို့ မှု ဟင်းခတ်အမွှေးအကြိုင် စုစုပေါင်း တင်ပို့မှုဟာ တိုးတက်ခဲ့တာကြောင့် ယခင်နှစ်ကာလတူထက် ၅ ရာခိုင်နှုန်းနီးပါးမြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။ ၂ဝ၁ဝ- ၂ဝ၁၁ အတွင်း ဟင်းခတ်အမွှေးအကြိုင် စုစုပေါင်း တင်ပို့မှု တန်ချိန် ၄၃၃၄၅၅ ရှိပြီး ယခင်နှစ်ကာလတူက တန်ချိန် ၄၁၃၈၉၅ ရှိခဲ့တယ်လို့ ဆိုပါတယ်။ ပြည်ပဝင်ငွေ ရရှိမှုအနေနဲ့ ကန်ဒေါ်လာ ၁၂ဝ၃ ဒသမ ၃ဝ သန်းရှိလို့ ယခင်နှစ်ရရှိခဲ့တဲ့ တန်ချိန် ၉၇၄ ဒသမ ၅၇ သန်းထက် ၂၃ ဒသမ ၄၆ ရာခိုင်နှုန်းမြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။                 ကြက်သွန်ဖြူကို စားသုံးဖို့ရော ဆေးဝါးအတွက်ပါ တင်ပို့မှုမြင့်တက်ခဲ့လို့ ၂ဝ၁ဝ-၂ဝ၁၁ ဧပြီလမှ ဇန်နဝါရီလအတွင်း တန်ချိန် ၁၆၅ဝဝ တင်ပို့နိုင်ခဲ့ပြီး ယခင်နှစ်ကာလတူက တန်ချိန် ၉၂၅ဝ ထက် ၇၈ ရာခိုင်နှုန်းပိုမိုတိုးတက်ခဲ့တယ်လို့ သိရပါတယ်။ ယခင်းခင်၊ ှSource: msn.com