မန်ကျည်းတန်ချိန် ၁၉ဝ နီးပါး တင်ပို့နိုင်ခဲ့ ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းကနေ မတ်လ ၁ ရက်မှ ၇ ရက်တာကာ လအတွင်း မန်ကျည်းတန်ချိန် စုစုပေါင်း ၁၈၉ တန်ကိုတင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ ကုန်သွယ်ဖက်နိုင်ငံကတော့ မလေးရှားနိုင်ငံကို ၄၈ တန်၊ ပါကစ္စတန်နိုင်ငံကို ၂၅ တန်၊ စင်ကာပူနိုင်ငံကို ၇၂ တန်နဲ့ အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံကို ၄၄ တန်အသီးသီးတင်ပို့ခဲ့ပါတယ်။ ပျမ်းမျှတစ်တန်ကို အက်ဖ်အိုဘီဈေး ကန်ဒေါ်လာ ၃၇ဝ ဝန်းကျင်နဲ့ တင်ပို့ခဲ့လို့ စုစုပေါင်း ပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ ၇ဝ၃၂ဝ ရရှိခဲ့ ပါတယ်။ MIRT (DOT)
Background