Main menu

Background

တစ်ပတ်အတွင်း နယ်စပ်မှ ပရဆေးတင်ပို့မှု တန် ၁ဝဝဝ နီးပါးရှိ

Sun, 03/13/2011 - 10:01 -- Anonymous (not verified)

တစ်ပတ်အတွင်း နယ်စပ်မှ ပရဆေးတင်ပို့မှု တန် ၁ဝဝဝ နီးပါးရှိ                    မတ်လ ၂ ရက်မှ ၈ ရက်ထိကာလအတွင်း မြန်မာတရုတ်နယ်စပ်ရှိ မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၁ ဒသမ ၄၆၅ သန်းတန်ဖိုးရှိ ပရဆေးကုန်ကြမ်းတန်ချိန် ၉၉၈ တန်ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ယခင်အပတ်က ၆၉၈ တန်ကျော် တင်ပို့နိုင်ခဲ့တာမို့ ယခုအပတ်မှာ တန်ချိန် ၃ဝဝ ခန့် ယခင်အပတ်ကထက် တင်ပို့မှုပိုမိုခဲ့ပါတယ်။ ယခင်အပတ်က တင်ပို့ခဲ့ခြင်းမရှိတဲ့ ကျောက်ဂျင်း၊ မျောက်ဥခြောက်တို့ကို ယခုအပတ်မှာ တင်ပို့မှုရှိတာတွေ့ရပါတယ်။ ယခုအပတ်မှ တင်ပို့တဲ့ ပရဆေးကုန်ကြမ်းတွေကတော့ မိချောင်းကွမ်းဖတ်စေ့၊ နေလဲစေ့၊ ကျောက်ဂျင်း၊ နနွင်းတက်၊ ဒရင် ကောက်မြစ်၊ ကွမ်းစားဂမုန်း၊ ကြောင်လျှာစေ့၊ မျောက်ဥခြောက်၊ မာလာဥနဲ့ မာလာဥခေါင်း တို့ဖြစ်ပါတယ်။ တမူးနယ်စပ်ကနေ ကန်ဒေါ်လာ ဝ ဒသမ ဝဝ၂ သန်းတန်ဖိုးရှိရှိန်းခို ၁ ဒသမ ၂ တန်တင်သွင်းမှု ယခုအပတ်မှာ ရှိတယ်လို့ သိရပါတယ်။ MIRT(DOBT)