Main menu

Background

ဘုရင့်နောင်မှာ မတ်ပဲနဲ့ပဲစင်းငုံနီဈေးမာပြီး ပဲတီစိမ်း(ခရမ်း)ဈေးဆင်းလာ

Tue, 03/15/2011 - 07:50 -- Anonymous (not verified)

ဘုရင့်နောင်ကုန်စည်ဒိုင်စဉ် အမျိုးအမည်        ရေတွက်ပုံ     (ပြည်ပရောင်း)       (ပြည်တွင်းရောင်း)          ပြောင်းလဲမှု                                                ယခင်     ယခု             ယခင်     ယခု ၁ မတ်ပဲ(RC)            ၁ တန်       ၆၈၉ဝဝဝ-၇၄၂ဝဝဝ        -          -၂ မတ်ပဲ(SQRC)       ၁ တန်       ၇၉ဝဝဝဝ-၈၁ဝဝဝဝ        -          -၃ မတ်ပဲ(ကုန်ကြမ်း)   ၁ ပိဿာ              -                       ၁၁၂၅-၁၂၅ဝ၄ ကုလားပဲဖြူလုံးကြီး ၁ပိဿာ               -                       ၁ဝဝဝ-၁ဝဝဝ၅ ပဲစင်းငုံနီ (RC)       ၁ တန်                 -                     ၆၈ဝဝဝဝ-၆၈၉ဝဝဝ၆ ပဲတီစိမ်း (ခရမ်း)     ၁ ပိဿာ             -                       ၁၉၆ဝ-၁၉၄၂ဘုရင့်နောင်မှာ မတ်ပဲနဲ့ပဲစင်းငုံနီဈေးမာပြီး ပဲတီစိမ်း(ခရမ်း)ဈေးဆင်းလာ                   ဒီတစ်ပတ်ဘုရင့်နောင်ဈေးကွက်မှာ မတ်ပဲ(RC) နဲ့ ပဲစင်းငုံနီက  ဈေးမာလာပြီး အရောင်းအဝယ် ပုံမှန်ဖြစ်ခဲ့သလို ပဲတီစိမ်း (ခရမ်းရွှေဝါ)ကလည်း ကျဈေးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ မတ်ပဲ (RC) ကို ပြည်ပတင်ပို့ရန် ဝယ်ယူနေတဲ့ကုန်သည်ကြီး များက ရန်ကုန်ဈေးကွက်မှာ ပို့ကုန်ဝင်ငွေဒေါ်လာတစ်ယူနစ်တန်ဖိုး တစ်နေ့ထက်တစ်နေ့ဈေးမြင့်လာမှုအပေါ် မူတည်ပြီး ဈေးပေး အဝယ် ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လ် ာပြီး တစ်တန် ကို အနိမ့်ဆုံး ၆၈၂ဝဝဝ ကျပ်မှ အမြင့်ဆုံး ၇၄၂ဝဝဝ ကျပ်အတွင်း တန ် ၂ဝဝဝခနအ့် ရောင်း အဝြယ်ဖစခ် တဲ့ ယလ် သို့ ရိ ပါတယ။် ပဲစင်းငုံနီ (RC) ကို အိတ်စပို့ဝယ်လက်တွေက ဈေးပေးအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး အရောင်းအဝယ် ဖြစ်မှုပမာဏ များလာတယ်လို့ ပဲကုန်သည်တစ်ဦးကဆိုပါတယ်။ အရောင်းအဝယ် ဖြစ်မှုက တစ်တန်ကို ၆၆၃ဝဝဝ ကျပ်မှ ၆၈၉ဝဝဝကျပ်အတွင်း တန် ၁ဝဝဝ ခန့်သာဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပဲတီစိမ်း (ခရမ်းရွှေဝါ)ကို အိတ်စပို့ဝယ်လက်တွေက ဈေးချအဝယ်ရှိနေသလို ရောင်းသူကုန်သည်များကလည်း ဝယ်ဈေးကို မကြိုက်နှစ်သက်လို့ အရောင်းနည်း သွားတယ်လို့ ပဲကုန်သည်များက ဆိုပါတယ်။ အရောင်းအဝယ်ဖြစ် မှုက တစ်ပိဿာ ၁၈၃၃ကျပ်(တစ်တန်ကို ၁၁၂၂၅၁ဝ ကျပ်)မှ တစ်ပိဿာကို ၁၉၄၂ကျပ်(တစ်တန်ကို ၁၁၈၉၂၆၁ ကျပ်) အတွင်း တန် ၁၁၆ ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။