Main menu

Background

မန္တလေးမှာ ပဲတီစိမ်း(ခရမ်း) ဈေးကျပြီး ပဲစင်းငုံနီ နဲ့ကုလားပဲဖြူကြီး ဈေးစွာလာ

Tue, 03/15/2011 - 08:06 -- Anonymous (not verified)

မန္တလေးကုန်စည်ဒိုင်စဉ် အမျိုးအမည်         ရေတွက်ပုံ            (ပြည်ပရောင်း)              (ပြည်တွင်းရောင်း)            ပြောင်းလဲမှု                                                        ယခင်     ယခု                  ယခင်          ယခု ၁ ပဲတီစိမ်းကြီး(အညာ)   ၁တန်          ၉၂၅၃၂၁-၉၅၇၇၇၇                  -              -၂ ပဲတီစိမ်း(ခရမ်း)          ၁ တန်        ၁၂၆၂၇၄၈-၁၁၉၇၈၃၄၃ ကုလားပဲဖြူလုံးကြီး     ၁ ပိဿာ               -                                     ၉ဝဝ-၉၇၈၄ ပဲစင်းငုံနီ                   ၁ ပိဿာ                -                                    ၁ဝ၃၃-၁ဝ၅ဝ၅ မတ်ပဲ                       ၁ ပိဿာ                -                                    ၁ဝ၅ဝ-၁၁ဝဝဆက်သွယ်ရန် ဖုန်း-ဝ၂-၃၄၂၇၃ မန္တလေးမှာ ပဲတီစိမ်း(ခရမ်း) ဈေးကျပြီး ပဲစင်းငုံနီ နဲ့ကုလားပဲဖြူကြီး ဈေးစွာလာ                       ပဲတီစိမ်းကြီး(အညာ)ထက်စာရင် ပဲတီစိမ်း(ခရမ်းရွှေဝါ) ကို တရုတ်ဝယ်လက်က အကြိုက်တွေ့နေပြီး တစ်ပိဿာကို ၁၉၅၆ ကျပ် (တစ်တန်ကို ၁၁၉၇၈၃၄ ကျပ်)နဲ့ နေ့စဉ်အိတ် ၁၅ဝဝ ခန့်ဝယ်အား ပုံမှန်ရှိနေပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးကအနည်းငယ်ကျနေတယ်လို့ မြို့ခံပဲကုန်သည်တစ်ဦးက ဆိုပါတယ်။ ပဲစင်းငုံနီက မန်းဈေးကွက်သို့ အဝင်ပုံမှန်ရှိသလို ရန်ကုန်ဝယ်လက်ကလည်း ဝယ်အား ပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်မြင့်လာပြီး တစ်ပိဿာကို ၁ဝ၅ဝ ကျပ် (တစ်တန်ကို ၆၄၃ဝဝ၉ ကျပ်)နဲ့ နေ့စဉ်အိတ် ၂ဝဝဝ မှ ၃ဝဝဝ ကြားအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ကုလားပဲဖြူလုံးကြီးက ဈေးကွက်သို့ အဝင်များနေ သလို ဒေသတွင်းပဲခွဲစက်သမားများသာမက ရန်ကုန်ဝယ်လက်ကပါ အဝယ်သွက်နေတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၉၇၈ ကျပ်(တစ်တန်ကို ၅၉၈၉၁၇ ကျပ်)နဲ့နေ့စဉ်အိတ် ၂ဝဝဝ ခန့်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ပဲခွဲစက်လုပ်ငန်းရှင်တစ်ဦး က ဆိုပါတယ်။ မတ်ပဲ ကို ဒေသတွင်းပဲခွဲစက်လုပ်ငန်းရှင်များနဲ့ ရန်ကုန် ဝယ်လက်က ဝယ်အားပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လ် ာတယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၁၁ဝဝ ကျပ်(တစ်တန်ကို ၆၇၃၆၂၉ ကျပ်)နဲ့ နေ့စဉ်အိတ် ၆ဝဝ ခန့်ဖြစ်ခဲ့တယ်လို့ မြို့ခံကုန်သည်တစ်ဦးကဆိုပါတယ်။