Main menu

Background

စားသုံးသူတွေ အန္တရယကင်းစေဖို့

Tue, 03/15/2011 - 09:43 -- Anonymous (not verified)

 စားသုံးသူတွေ အန္တရယကင်းစေဖို့                      ကျွန်မတို့နိုင်ငံမှာ စက်မှုလက်မှု မထွန်းကားစဉ်က တိုင်းတစ်ပါးက တင်သွင်းတဲ့ အချိုရည်ကို ''ဘိလပ်ရည်'' လို့တင်စားခေါ်ဝေါ်ပြီး သောက်သုံးခဲ့ကြပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း တစ်မျိုးကိုလည်း ပြည်တွင်းမှာ ထုတ်လုပ်နိုင်ခြင်းမရှိခဲ့စဉ်က ပြည်ပက တင်သွင်းခဲ့ရပြီး ဘိလပ်ကလာတဲ့ မြေ၊ ဘိလပ်မြေရယ်လို့ ခုချိန်ထိ နာမည်တွင်နေခဲ့တာဖြစ်ပါတယ်။                    လက်ရှိကျွန်မတို့နိုင်ငံမှာ စက်မှုလက်မှုလုပ်ငန်းတွေ တိုးတက် ဖွံ့ဖြိုးဖို့ နိုင်ငံတော်ရဲ့ အားပေးပံ့ပိုးမှုနဲ့Industralization  ဆိုတဲ့ စက်မှုခေတ်ကို ဦးတည်ချီတက်နေပါပြီ။ နိုင်ငံအတွင်းမှာ အချိုရည် စက်ရုံ၊ ဘိလပ်မြေစက်ရုံများသာမက စားသောက်ကုန်စက်ရုံတွေ လည်း တည်ထောင်လုပ်ကိုင်နေကြပါပြီ။                     ပြည်တွင်းစက်ရုံများမှ စံချိန်စံညွှန်း အရည်အသွေးမီ၊ အဆင့် အတန်းမြင့်မားတဲ့ ကုန်ထုတ်ပစ္စည်းတွေ ထုတ်လုပ်နိုင်တာနဲ့အမျှ သူ တစ်ပါးထံက ဝယ်ယူတင်သွင်းပြီး စားသုံးနေရမှုတွေ လျော့ပါးလာ လိမ့်မယ်လို့ မျှော်လင့်ပါတယ်ရှင်။ ခုတလောမှာ စားသုံးသူတွေရဲ့ ရင်တွင်းခံစားချက်တချို့ကို ကြားနေရပါတယ်။ သူများနိုင်ငံက မှောင်ခိုဝင်လာတာတွေကို ဝယ်ပြီး စားသုံးရတာ စိုးတထိတ်ထိတ်နဲ့ပါပဲ။ ရောဂါတွေဝယ်ယူနေရသလို ပါပဲ။ ဘယ်လိုဖြစ်ရတာလဲဆိုတော့ ပြည်ပက တရားမဝင်သွင်းလာတဲ့ ခြင်ဆေးခွေတွေမှာ Mepretluthrim ဆိုတဲ့အဆိပ်ပမာဏကို WHO  သတ်မှတ်ချက်ဖြစ်တဲ့ သုည ဒသမ ဝ၃ ရာခိုင်နှုန်းထက် ၂ ဆ၊ ၃ ဆ ပိုပြီးထည့်ထားတာမို့ အစွမ်းအလွန်ထက်ပြီး ခြင်သာမက လူကိုပါ မချန် အဆိပ်သင့်စေပါသတဲ့။                    ပြီးတော့တရားမဝင်သွင်းလာတဲ့ တားမြစ်ပိုးသတ်ဆေးတွေရဲ့ အဆိပ်ဆိုးကျိုးကြောင့် ကွဲျနွားနဲ့ လူတွေ အသက်အန္တရာယ်ကြုံတွေ့ကြရတဲ့ သတင်းတွေလည်း ကြားသိရပါတယ်။                      အိမ်ရှင်မတစ်ဦးဖြစ်တဲ့ ကျွန်မကတော့ နေ့စဉ်ဈေးဝယ်ရင်း မီးဖိုချောင်ထဲမှာ ချက်ပြုတ်ရင်း ကြုံတွေ့နေရတဲ့ စိုးထိတ်စရာ အကြောင်းလေးတွေကို ပြောချင်ပါတယ်။ ဦးဆုံးရင်ဖွင့်ချင်တာက အိမ်နီးချင်းနိုင်ငံတစ်ခုက ဉာဏ်ကြီးရှင် တီထွင်လိုက်တဲ့ ''ဓာတုကြက်ဥ'' လို့ခေါ်တဲ့ ''အင်ကြက်ဥ'' ကိစ္စပါ။ ဒီ ''အင်ကြက်ဥ''တွေက ကြက်မကထွက်လာတာမဟုတ်ဘဲ ဓာတုဗေဒနည်းတွေနဲ့ လုပ်ထား တာတဲ့၊ ကြက်ဥအတုပေါ့ရှင်။ ဒီ''ဓာတုကြက်ဥ''တွေကို စားရင် အာဟာရမဖြစ်တဲ့အပြင် ရောဂါဘယတွေ အပိုဆောင်းလက်ခံရဦး မတဲ့ရှင်။                 နောက်တစ်ခါကြုံရတာက အိမ်နီးချင်းနိုင်ငံက နွားနို့နဲ့ နို့ထွက် ပစ္စည်းတွေထဲမှာ ''မယ်လမင်း''လို့ခေါ်တဲ့ ဓာတုဗေဒပစ္စည်းကိုထည့်ပြီး ပရိုတင်း(အသားဓာတ်)အပြည့်ပါလေသယောင် ဖန်တီးရောင်းချပြန် ပါသတဲ့။ သူတို့နိုင်ငံမှာလည်း ဒီဓာတုနို့၊ ဓာတုနို့မှုန့်တွေသောက်ပြီး ကလေးသူငယ်တွေ အသက်ဆုံးရှုံးရ၊ ရောဂါတွေခံစားကြရပါသတဲ့။ ဒီအဖြစ်ဆိုး ပေါ်ပေါက်ပြီးတဲ့နောက်ပိုင်း သူတို့နိုင်ငံမှာ မသမာတဲ့ ထုတ်လုပ်သူတွေကို ထိထိရောက်ရောက် အရေးယူအပြစ်ပေးခဲ့ပြီး လူတိုင်းလူတိုင်းကလည်း နို့နဲ့နို့မှုန့်တွေမှာ ''မယ်လမင်း'' ပါဝင်မှုကို သေသေချာချာ စစ်ဆေးခဲ့ကြပါတယ်။                  ဒီလိုစစ်ဆေးမှုတွေ သေသေချာချာပြုလုပ်နေတာကို ရှောင်တိမ်းတဲ့အနေနဲ့ မသမာသူတွေက နောက်ထပ် နည်းလမ်းသစ်တစ်မျိုး တီထွင်လိုက်ကြပြန်ပါရော။ နို့နဲ့နို့ထွက်ပစ္စည်းထဲမှာ ''မယ်လမင်း'' အစား ဘာကိုထည့်သလဲဆိုတော့ ''နွားရဲ့သားရေ''ကို ထည့်ကြပါသတဲ့ရှင်။ နွားသားရေထည့်လိုက်တဲ့အခါမှာ နွားသားရေကထွက်တဲ့ ပရိုတင်းဓာတ်ကြောင့် နို့နဲ့နို့မှုန့်မှာ အသားဓာတ်ပရိုတင်း အပြည့်ပါ တဲ့ပုံ ပေါက်စေပါသတဲ့။                    ''မယ်လမင်း'' ပါတဲ့ နို့နဲ့နို့ထွက်ပစ္စည်းတွေကို မြေမြှုပ်၊ မီးရှို့ဖျက်ဆီးဖို့ အစိုးရက အမိန့်ထုတ်ခဲ့ပေမယ့်လည်း တချို့ထုတ်လုပ်သူတွေ က သိုဝှက်ထိန်းသိမ်းထားခဲ့ပြီး နောက်တော့မှ စားသောက်ကုန်ပစ္စည်း မုန့်တွေထဲမှာထည့်ပြီး ရောင်းနေကြတယ်လို့ဆိုပါတယ်။ ထပ်ပြီးကြားသိရတဲ့ သတင်းတစ်ခုကတော့ တစ်ဖက်နိုင်ငံနယ် စပ်မှာ စားသောက်ကုန်ထုတ်လုပ်တဲ့ စက်ရုံတွေကို စစ်ဆေးတဲ့အခါ အောက်စော်နံပြီး ပုတ်သိုးနေတဲ့ ဆန်တွေ၊ ဂံျုတွေကို ဓာတုဆေးဝါး အစွမ်းနဲ့ အရောင်ချွတ်ပြုပြင်ပြီး စွဲမက်စေတဲ့ရနံ့နဲ့ အရသာမွမ်းမံမှု တွေ ထည့်သွင်းလို့၊ အသင့်စားခေါက်ဆွဲခြောက်နဲ့ စားချင့်စဖွယ်မုန့် တွေ ထုတ်လုပ်နေတာကို တွေ့ရှိဖမ်းမိတဲ့အကြောင်းပါ။ မွေးမြူရေး တိရစ္ဆာန်အစာအဖြစ်တောင် အသုံးပြုဖို့ မသင့်လျော်တဲ့ ပစ္စည်းတွေ  ကို စွန့်ပစ်ရမယ့်အစား ''ဘယ်သူသေသေ-ငတေမာရင်ပြီးရော'' ဆိုပြီး လုပ်ရက်ပါပေ့ရှင်။             နောက်တစ်မိုျးကြားရသေးတာက အိမ်နီးချင်းနိုင်ငံမှာ အကြိမ်ကြိမ် အထပ်ထပ် ကြော်ထားလို့ အရောင်မည်းတူးပြီး စားသုံးဖို့ လုံးဝ မသင့်တဲ့ ဆီတွေကို ဓာတုဆေးအစွမ်းနဲ့ ကြည်လင်ဝင်းဝါအောင် ပြုလုပ်ပြီး ကျွန်မတို့နိုင်ငံကိုတရားမဝင် တင်သွင်းတာပါ။ ဒီလိုဆီ တွေကို ရေရှည်စားရင် ကင်ဆာရောဂါအထိ ဖြစ်စေနိုင်ပါတယ်။ အာဟာရဖြစ်စေဖို့ ကြက်ဥစား၊ နွားနို့သောက်နေရင်း ရောဂါ တွေဝယ်ယူသလို ဖြစ်နေမလား၊ အောက်သိုးနေတဲ့ ဆန်တွေကို ဓာတုဆေးနဲ့ အရောင်ချွတ်ပြုပြင်ပြီး ဓာတုကြက်ဥ၊ ဓာတုနို့မှုန့်တွေနဲ့ မွမ်းမံထုတ်လုပ်ထားတဲ့ မုန့်တွေ၊ စားသောက်ဖွယ်ရာတွေကို ကျွန်မတို့ စားနေမိပြီလား။                  ကျွန်မတို့နိုင်ငံကို တရားမဝင်အောက်လမ်းက နည်းပေါင်းစုံ ဝင်ရောက်နေတဲ့ စားသောက်ကုန်အမျိုးမျိုးမှာ ဓာတုဗေဒ အဆိပ် အတောက်ပစ္စည်းတွေ အနည်းနည်းအဖုံဖုံ ရောစပ်ပါဝင်နေတာ ကျွန်မတို့ သိနေရပါပြီ။ တစ်ခါတည်း တုံးကနဲ ပစ်လဲလို့ သေသွားလောက်တဲ့ အဆိပ်ပမာဏ မဟုတ်သော်လည်း နောင်ရေရှည်မှာ လူမျိုးနဲ့ချီပြီး ရောဂါဘယတွေ ခံစားရမှာ၊ ကျန်းမာရေးချွတ်ယွင်း လာမှာ၊ ကိုယ်ခန္ဓာကြီးထွားကြံ့ခိုင်မှုနဲ့  ဉာဏ်ရည် ဉာဏ်သွေး ဖွံ့ဖြိုးမှု တွေ ထိခိုက်လာမှာ စိုးရိမ်ဖွယ်ရာပါရှင်။ မိသားစုတစ်စုရဲ့ မီးဖိုချောင် ကအစပြုလို့ နိုင်ငံနဲ့ လူမျိုးတစ်မျိုးလုံးအထိ စိုးရိမ်ရမယ့်အဖြစ်တွေပါ။ တရားဝင်လမ်းကြောင်းက နည်းမှန်လမ်းမှန်ဝင်ရောက်လာတဲ့ စားသောက်ကုန်ပစ္စည်းတွေကို ကျန်းမာရေးဝန်ကြီးFood and Drug Administration  မှစစ်ဆေးပြီး Fit for Human Consumption ထောက်ခံချက် ရရှိပြီးမှသာ ဖြန့်ဖြူးရောင်းချခွင့် ရှိတဲ့အတွက် တရားဝင်လမ်းကြောင်းက တင်သွင်းလာတဲ့ပစ္စည်းများ ကို အန္တရာယ်ကင်းစွာ စားသုံးနိုင်တယ်လို့ သိရပါတယ်ရှင်။ ၂ဝ၁၁ ခုနှစ်ရဲ့ နှစ်စဖြစ်တဲ့ ဇန်နဝါရီလမှာ စားသောက်ကုန် လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ဓာတ်ခွဲခန်းကို UMFCCI  ရုံးချုပ်မှာ ဖွင့်လှစ်ခဲ့တယ်လို့ ကြားသိရပါတယ်။ FDA  ရဲ့ လမ်းညွှန်မှုများအရ စားသောက်ကုန်များရဲ့ စံချိန်စံညွှန်းနဲ့ အရည် အသွေးများကို ဓာတ်ခွဲစစ်ဆေးပေးနေကြောင်း သိရှိရပါတယ်။ နိုင်ငံ တကာ အသိအမှတ်ပြုဓာတ်ခွဲခန်းအဆင့်သို့ ရောက်ရှိစေရန် ဆက် လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့ သိရတဲ့အတွက် စားသုံးသူများကို အကာအကွယ်ပေးမယ့် ဝမ်းမြောက်ဖွယ်သတင်း ကောင်းဖြစ်ပါတယ်ရှင်။