ဗီယက်နမ်စားနပ်ရိက္ခာအသင်းက ပြည်ပပို့မဲ့ဆန်ကြမ်းခင်းဈေးကို လျှော့ချ

ဗီယက်နမ်စားနပ်ရိက္ခာအသင်းက ပြည်ပပို့မဲ့ဆန်ကြမ်းခင်းဈေးကို လျှော့ချ               ဗီယက်နမ်စားနပ်ရိက္ခာအသင်း (VFA ) က ဆန်တင်ပို့ဖို့ ကြမ်းခင်းဈေးကို လျှော့ချဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ မတ်လ ၁၂ ရက်နေ့မှာ ၅ မှတ်ဆန်ဈေးကို ကန်ဒေါ်လာ ၂ဝ လျှော့ချပြီး တစ်တန်ကို ကန်ဒေါ်လာ ၅၂ဝ၊ ၂၅ မှတ်ဆန်ဈေးကို ကန် ဒေါ်လာ ၁ဝ လျှော့ချပြီး တစ်တန်ကို ကန်ဒေါ်လာ ၄၈ဝ သတ်မှတ်ခဲ့တယ်လို့ သိရပါတယ်။ ယခုလို VFA က ဆန်ကြမ်းဈေး လျှော့ချခြင်းဟာ ၂ဝ၁၁ ခုနှစ်အစောပိုင်းကာလအတွင်း (၅) ကြိမ်မြောက်ဖြစ်တယ်လို့ သိရပါတယ်။           ဒါပေမဲ့ မဲခေါင်ဒေသအတွင်း ဆန်ဝယ်ယူဈေးကတော့ မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ ၅ မှတ်ဆန်ဈေးမှာ တစ်ကီလို ဒေါင် ၉၄၅ဝ-၉၆ဝဝ (ကန်ဒေါ်လာ ဝ ဒသမ ၄၅၃-ဝ ဒသမ ၄၆) ၊ ၁၅ မှတ်ဆန်ဈေးမှာ ဒေါင် ၈၉ဝဝ-၉ဝ၅ဝ (ကန်ဒေါ်လာ ဝ ဒသမ ၄၂-ဝ ဒသမ ၄၃) နဲ့ ၂၅ မှတ်ဆန်ဈေးမှာ ဒေါင် ၈၆ဝဝ (ကန်ဒေါ်လာ ဝ ဒသမ ၄၁) အသီးသီးကို မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။                       လဝန်းး၊ှSource: VOV