အာရှကောက်ပဲသီးနံှ အထွက်နှုန်းကောင်းသဖြင့် ဆန်ရောင်းလိုအား ပိုမိုများပြားလာပြီး ယခုထက်ပို၍ ဈေးနှုန်းကျဆင်းနိုင်
အာရှကောက်ပဲသီးနံှ အထွက်နှုန်းကောင်းသဖြင့် ဆန်ရောင်းလိုအား ပိုမိုများပြားလာပြီး ယခုထက်ပို၍ ဈေးနှုန်းကျဆင်းနိုင် ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ ယခုအပတ်အတွင်း တင်ဒါအသစ် ခေါ်ယူခြင်းကို ရပ်ဆိုင်းလိုက်ခြင်း၊ ဖိလစ် ပိုင် နိုင်ငံအနေနဲ့လည်း ဆန်တင်သွင်းမှု လျော့ကျလာခြင်းနဲ့ ဗီယက်နမ် နိုင်ငံတွင် ဆန်အထွက်နှုန်းကောင်းမွန်ခဲ့ရာ ဈေးကွက်အတွင်းသို့ ဆန်အများအပြားဝင်ရောက်လာ နိုင်ခြင်း တို့ကြောင့် ဆန်ဈေးနှုန်းကျဆင်းမှုအပေါ် ဖိအားတစ်ရပ်ဖြစ် စေကာ အာရှဆန်ဈေးနှုန်းတွေ ပိုမိုကျဆင်းလာနိုင်ကြောင်း သုံးသပ်ထားပါတယ်။ ဖိလစ်ပိုင်နိုင်ငံရဲ့ အဓိကဆန်ဝယ်ယူ တင်သွင်းလေ့ရှိတဲ့ ဗီယက်နမ်နိုင်ငံအနေနဲ့ ယခုနှစ်တွင် ဆန်တင်သွင်း မှုလိုအပ်ချက်လျော့ကျလာကြောင်း၊ ဗီယက်နမ်နိုင်ငံ ဆန်တင်ပို့သူများ အနေနဲ့ အနိမ့်ဆုံးဈေးနှုန်းနဲ့ ကမ်းလှမ်းဖို့ အသင့် ရှိနေကြောင်း၊ Thai exporter Huaychuan Rice Co မှ မန်နေဂျင်းဒါရိုက်တာ Chookiat Ophaswongse မှပြော ကြားခဲ့တယ်။ ထိုင်းနိုင်ငံမှ တင်ပို့တဲ့ဈေးနှုန်းထက် ဗီယက်နမ် နိုင်ငံမှ အနိမ့်ဈေးနဲ့ ကမ်းလှမ်းခဲ့ကြောင်း ၎င်းမှပြောကြား ခဲ့တယ်။ ကုန်သည်ကြီးများရဲ့ ပြောပြချက်အရ ထိုင်းဆန် ဈေး နှုန်းတွေ ယခုလအတွင်း တစ်တန်ကို အမေရိကန် ဒေါ်လာ ၂၅ ခန့်ကျဆင်းခဲ့ကြောင်း၊ ၂ဝ၁၁ ခုနှစ်အတွင်း ပထမဆုံး အကြိမ်အဖြစ် ၅ မှတ် ဆန်တစ်တန်ကို ကန် ဒေါ်လာ ၅ဝဝ အောက်နဲ့သာ စတင်ကမ်းလှမ်းဈေးပေးခဲ့ကြောင်း သိရှိရပါတယ်။ မကြာသေးခင်နှစ်တွေက ဖိလစ်ပိုင်နိုင်ငံက ကမ္ဘာ့ ဆန်တင်သွင်းမှုအများဆုံးနိုင်ငံဖြစ်ခဲ့ကြောင်း၊ ၂ဝ၁ဝ ခုနှစ် အတွင်းက ဆန်တန်ချိန် ၂ ဒသမ ၄၅ သန်းတင်သွင်းနေရာမှ ယခုနှစ်တွင် ဆန်တန်ချိန် တစ်သန်းအောက် အထိသာ သိသိသာသာလျော့နည်းတင်သွင်းသွားရေးကို စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါတယ်။ ဒါ့ပြင် အာရှဒေသ အတွင်း ဆန်ဝယ်လိုအား တဖြည်းဖြည်း လျော့နည်းလျက်ရှိပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ လည်း ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်အတွက် ဆန်တန်ချိန် တစ်သန်းကျော်ဝယ်ယူပြီး နောက် ယခုအခါတင်ဒါအသစ် ခေါ်ယူခြင်းကို ရပ်ဆိုင်းလိုက် ကြောင်း သိရှိရပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ ယခု ဘဏ္ဍာနှစ်အတွင်းတွင် နောက်ထပ်ဆန်တင်ဒါလုံးဝ ခေါ်ယူ ဦးမှာ မဟုတ်ကြောင်း ဘင်္ဂလားဒေ့ရှ်ပြောရေးဆိုခွင့် ရှိသူ ီDow Jones သတင်း ဌာနကို ပြောကြားခဲ့ကြောင်း သိရှိရ ပါတယ်။ ယခုနှစ်တွင် ထိုင်းနိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံတို့တွင် ဆန်အထွက်နှုန်းစံချိန်တင်ထွက်ရှိခဲ့ရာ ရောင်းလိုအား ကောင်း မွန်နေသော်လည်း အာရှဆန်ဈေးကွက်အတွင်း ဆန်အဓိက တင်သွင်းလျက်ရှိတဲ့ ဖိလစ်ပိုင်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ ဝယ် လိုအား ကျဆင်းလျက်ရှိကြောင်း တင်ပြအပ်ပါတယ်။ မောင်မောင်လွင်၊ ှSource :online.wsj.com
