ဘင်္ဂလားဒေ့ရှ်အစိုးရက ဆင်းရဲသားများအတွက် ဆန်ပိုဝယ်ယူမယ်

 ဘင်္ဂလားဒေ့ရှ်အစိုးရက ဆင်းရဲသားများအတွက် ဆန်ပိုဝယ်ယူမယ်                   ဘင်္ဂလားဒေ့ရှ်အစိုးရဟာ နိုင်ငံတကာဈေးကွက်မှာ ဆန်ဈေးမြင့်တက်နေတာကြောင့် ဆင်းရဲသားများရဲ့ အဓိက အစားအစာ ရောင်းချမှု ပြတ်လပ်ခြင်းမရှိဖို့ ဗီယက်နမ်ဆန်ကို အမြင့်ဈေးနဲ့ ဝယ်ယူမယ်လို့ သိရပါတယ်။ ဆန်ဝယ်ယူမှုနဲ့ စီးပွားရေးရာတို့နဲ့ ပတ်သက်ပြီး အစိုးရဝန်ကြီးများကော်မတီ တို့က သီးခြားအစည်းအဝေးများ ပြုလုပ်ခဲ့ကြပြီး ဆန်တန်ချိန် ၂ သိန်းတင်သွင်းဖို့ အဆိုပြုခြင်းကို သဘောတူခဲ့တယ်လို့ သိရပါတယ်။                    နိုင်ငံတကာဈေးကွက်မှာ ဆန်ဈေးနှုန်းမြင့်နေခြင်းနဲ့ ဘင်္ဂလားဒေ့ရှ် ငွေကြေးတန်ဖိုးကျဆင်းနေခြင်းတို့က ဆန် ဝယ်ယူမှု တိုးမြှင့်ဖို့ တွန်းအားဖြစ်စေခဲ့တယ်လို့ စားနပ်ရိက္ခာ ဝန်ကြီးဌာန အရာရှိတစ်ဦးက ပြောကြားပါတယ်။ လွန်ခဲ့တဲ့ လများက တစ်ဒေါ်လာကို တာကာ ၇၁ (ကန်ဒေါ်လာ ဝ ဒသမ ၉၉)ရှိရာမှ ၇၃ (ကန်ဒေါ်လာ ၁ ဒသမ ဝ၁)ကို ကျ ဆင်းခဲ့တယ်လို့ ဆိုပါတယ်။                   ဈေးကွက်ဖွင့်ရောင်းချမှုနဲ့ အခြားစီမံကိန်းများအရ အစိုး ရက ဆန်တစ်ကီလိုကို ၁၈ တာကာ (ကန်ဒေါ်လာ ဝ ဒသမ ၂၅) လျှော့ပြီး တစ်ကီလိုကို တာကာ ၂၄ (ကန်ဒေါ်လာ ဝ ဒသမ ၃၃) နဲ့ ရောင်းချပေးတယ်လို့ သိရပါတယ်။ အစောပိုင်း  က ဝယ်ယူရေးကော်မတီက ဗီယက်နမ်နိုင်ငံမှ ဆန်တန်ချိန် ၃ ဒသမ ၅ သိန်းကို ၂ ခါခွဲပြီး ဝယ်ယူခွင့်ပြုခဲ့ပြီး အများစုမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိပြီလို့ သိရပါတယ်။ လာမယ့် ၂ လအတွင်း ဆန်တန်ချိန် ၂ သိန်းဝယ်ယူသွား မှာဖြစ်ပြီး စားနပ်ရိက္ခာဝန်ကြီးဌာနရဲ့ တင်ပြချက်အရ ပေါင်း ဆန်တန်ချိန် တစ်သိန်းကို ဗီယက်နမ်က တစ်တန်ကို ကန်ဒေါ် လာ ၅၇၅ ၊ ဘင်္ဂလားဒေ့ရှ်မှာ တစ်ကီလိုကို တာကာ ၄၁ ဒသမ ၉၇ (ကန်ဒေါ်လာ ဝ ဒသမ ၅၈)နဲ့ တင်သွင်းသွားမှာ ဖြစ်ပြီးနောက် တန်ချိန် တစ်သိန်းကတော့ ရိုးရိုးဆန်ဖြစ်ပြီး တစ်တန်ကို ကန်ဒေါ်လာ ၅၃ဝ၊ တစ်ကီလိုတာကာ ၃၈ ဒသမ ၆၉ (ကန်ဒေါ်လာ ဝ ဒသမ ၅၄)နဲ့ တင်သွင်းသွားမှာ ဖြစ်ကြောင်း သိရပါတယ်။ လမင်းး၊ှSource: riceonline