Main menu

Background

ဈေးကောင်းမျှော်နေတဲ့ ပြည်ပဲစင်းငုံ

Sun, 03/20/2011 - 04:38 -- Anonymous (not verified)

ဈေးကောင်းမျှော်နေတဲ့ ပြည်ပဲစင်းငုံ               ပြည်ပဲဈေးကွက်မှာ ယခင်နှစ် မတ်လအတွင်းက ပဲစင်းငုံ ပိဿာ ၂ဝတစ်တင်းကို အနိမ့်ဈေး ၂၇ဝဝဝ ကျပ်၊ အမြင့်ဈေး ၃၄ဝဝဝ ကျပ်ထိ ဈေးကောင်း ရရှိခဲ့တယ်လို့ သိရပါတယ်။ ဈေးကောင်းရတာကြောင့် အရောင်းအဝယ် သွက် ခဲ့ကြောင်း သိရပါတယ်။ ယခုနှစ်မတ်လမှာတော့ တစ်တင်းကို ၂ဝ၆ဝဝ - ၂၂ဝဝဝ ကျပ်အတွင်း ဈေးအတက်အကျရှိခဲ့ပါတယ်။ ယခုမတ်လ တတိယပတ်မှာ တော့ တစ်တင်းကို ၂ဝ၇ဝဝ ကျပ်ဈေးရှိနေပါတယ်။ ပြည်ဈေးကွက်သို့ အခြားတိုင်းမှ အဝင် မရှိတော့ပေမယ့် ယခုလမှာတော့ ရန်ကုန်သို့ အိတ် ၂၁ဝဝ ကျော်တင်ပို့ပြီး ကြောင်းသိရပါတယ်။ယခင်နှစ်ဈေးနဲ့ယှဉ်ရင်ဈေးနည်းနေသေးတာကြောင့်တောင်သူ အများစုနဲ့ လှောင်လက်သမားများက ဈေးကောင်းရမယ့်အချိန်ကို စောင့်နေတယ်လို့ သိရပါတယ်။ ဆုမွန်ဆွေ