Main menu

Background

ပြည်တွင်း လက်လီအရောင်းအဝယ်ဈေး (ဓာတ်ဆီ/ဒီဇယ်ဆီ)

Sun, 03/20/2011 - 05:34 -- Anonymous (not verified)

ဒီဇယ်တန်ချိန် ငါးသောင်းကျော်တင်သွင်းခဲ့           ပြည်တွင်းစက်သုံးဆီဈေးကွက်အတွက် မတ်လ ဒုတိယပတ်အတွင်း ဒီဇယ်ပီပါ သုံးသိန်းခုနစ်သောင်းခုနစ် ထောင်ကျော်၊ တန်ချိန်အားဖြင့် ငါးသောင်းကျော်ကို ပင်လယ်ရေကြောင်းလမ်းကနေ တင်သွင်းခဲ့ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်ဒီဇယ်ဆီ အဝင်မှာ တန်ချိန် နှစ်သောင်းငါးထောင်ကျော်ရှိခဲ့ပြီး ယခုသီတင်းပတ်ဒီဇယ်ဆီအ ဝင်မှာ တန်ချိန်ငါးသောင်းကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာအဝင် တစ်ဆကျော် လောက် ပိုမိုတင်သွင်းခဲ့တာ တွေ့ရပါတယ်။ MIRT(DOT) နယ်စပ်မှ ဓာတ်ဆီတင်သွင်းမှုပို ဒီဇယ်တင်သွင်းမှုလျော့             မတ်လ ၉ ရက်မှ ၁၅ ရက်ထိကာလအတွင်း နယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၉၁၃ သန်းတန်ဖိုးရှိ ဒီဇယ် ၂၆၆၃၆၈ ဂါလန်ကို ကန်ပိုက်တီးနဲ့ တာချီလိတ် နယ်စပ်များမှ တင်သွင်းမှုရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ဒီဇယ်ဆီ ၂၉၅၁၄၂ ဂါလန် တင်သွင်းမှုလျော့နည်းခဲ့ပါတယ်။ ဓာတ်ဆီကိုတော့ တာချီလိတ်နဲ့ ကော့သောင်းနယ်စပ်မှ ကန်ဒေါ်လာ ၈၅၇၅၄ တန်ဖိုးရှိ ဓာတ်ဆီ ၃၄၉၆၈ ဂါလန် တင်သွင်းခဲ့ပါတယ်။ယခင်အပတ်က ထက် ဂါလန် ၅၂ဝဝ ကျော် တင်သွင်းမှုပိုမိုခဲ့ပါတယ်။ MIRT(DOBT) ပြည်တွင်း လက်လီအရောင်းအဝယ်ဈေး ပြည်တွင်းစက်သုံးဆီ လက်လီအဝယ် တစ်ဂါလန်ဈေးကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်- မတ် ၂ဝ၁၁ ဝယ်ဈေးဓာတ်ဆီ(ကျပ်) ဝယ်ဈေးဒီဇယ်(ကျပ်)ရက်     ရန်ကုန်        မန္တလေး       ရန်ကုန်       မန္တလေး၁၄        ၄၈ဝဝ        ၄၈ဝဝ           ၄ဝဝဝ       ၄၅ဝဝ၁၅        ၄၈ဝဝ        ၄၈ဝဝ           ၄ဝဝဝ       ၄၅ဝဝ၁၆        ၄၈ဝဝ        ၄၈ဝဝ           ၄ဝဝဝ      ၄၅ဝဝ၁၇        ၄၈ဝဝ       ၄၈ဝဝ            ၄ဝဝဝ      ၄၅ဝဝ၁၈       ၄၈ဝဝ        ၄၈ဝဝ           ၄ဝဝဝ       ၄၅ဝဝMIRT_DOT