ဓာတ်မြေသြဇာအဝင်လျော့ မတ်လ ၈ ရက်နေ့မှ ၁၄ ရက်တာကာလအတွင်း ဓာတ်မြေသြဇာတန်ချိန် ၆၅၂တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁၈၇၁၉၆ ဖိုးကို ပင်လယ်ရေကြောင်း ကနေ တင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့ ဓာတ်မြေသြဇာတွေကတော့ တရုတ်နိုင်ငံ မှ ဓာတ်မြေသြဇာ ၅၂ တန်နဲ့ ထိုင်းနိုင်ငံမှ ကွန်ပေါင်းဓာတ်မြေသြဇာ တန်ချိန် ၆ဝဝ တို့ အသီးသီးတင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် ဓာတ်မြေသြဇာအဝင် တန်ချိန် စုစုပေါင်းမှာ တစ်ထောင့်သုံးရာ့ငါးဆယ်ကျော်ရှိခဲ့တာကြောင့် ဒီသီတင်းပတ် ဓာတ်မြေသြဇာအဝင်တန်ချိန်နဲ့ယှဉ်ရင် တန်ချိန် ထက်ဝက်မျှလျော့နည်းပြီး တင်သွင်းခဲ့တာ တွေ့ရပါတယ်။MIRT (DOT) ယခုအပတ်ဓာတ်မြေသြဇာ တန် ၈၄ဝဝ နီးပါး တင်သွင်း နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်တဲ့မူဆယ်၊ မောင်တော၊ ရိဒ်၊ ကော့သောင်း နဲ့ တာချီလိတ်နယ်စပ် ကုန်သွယ်ရေးစခန်းများမှ မတ်လ ၉ ရက်မှ ၁၅ ရက်ထိ ကာလအတွင်း ကန်ဒေါ်လာ ၁ ဒသမ ၆၆၃ သန်းတန်ဖိုးရှိ ဓာတ်မြေသြဇာ ၈၃၉၉ ဒသမ ၅ဝ တန် တင်သွင်းခဲ့ပါတယ်။ မူဆယ်နယ်စပ်မှ တန် ၄၅၇ဝ ကျော် တင်သွင်းမှု လျော့နည်းခြင်းကလွဲပြီး ကျန်စခန်းများက တင်သွင်းမှုမှာ ပိုမိုခဲ့တာတွေ့ရပါတယ်။ နယ်စပ်အလိုက် ဓာတ်မြေသြဇာတင်သွင်းမှုများမှာ မူဆယ်မှ ၇၉၂၃ တန်၊ ရိဒ်မှ ၃၄၈ ဒသမ ၅ဝ တန်၊ ကော့သောင်းမှ ၆၂ ဒသမ ၁ဝ တန်၊ တာချီလိတ်မှ ၄၉ ဒသမ ၅ဝ တန်၊ မောင်တောမှ ၁၆ တန် အသီးသီး တင်သွင်းခဲ့တာဖြစ်ပါတယ်။ မူဆယ်နယ်စပ်မှ အများဆုံးတင်သွင်းသော ဓါတ်မြေသြဇာများမှ ှCompound Seed ၊ Urea ၊ Nitric Phosphate ၊ Tri Super Phosphate နဲ့ Ammonium Nitrate တို့ ဖြစ်ပါတယ်။ ရိဒ်မှ Potash ၊ ကော့သောင်းမှ Compound ၊ တာချီလိတ်မှ Ammonium Nitrate နဲ့ မောင်တောမှUrea တို့ တင်သွင်းတာဖြစ်ပါတယ်။ တာချီလိတ်နယ်စပ်မှာတော့ ဒေသတွင်းစိုက်ပျိုးတဲ့ လိမ္မော်ခြံများနဲ့ စိုက်ပျိုးရေး လုပ်ငန်း ပိုမိုလုပ်ကိုင်လာခြင်းကြောင့် ဓာတ်မြေသြဇာ တင်သွင်းမှုပိုမိုခဲ့ရတယ်လို့ သိရပါတယ်။MIRT (DOBT) ဈေးကွက်က ဈေးနှုန်း ဒေသအသီးသီးရှိ ဓာတ်မြေသြဇာ ဈေးကွက်ပေါက်ဈေးများကို ဖော်ပြလိုက်ပါတယ် တိုင်းဒေသကြီး/ပြည်နယ် အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်)ရန်ကုန်တိုင်းဒေသကြီး ယခင်အပတ် ယခုအပတ် ပြောင်းလဲမှု(မာလာမြိုင်) ယူရီးယား(တရုတ်)နေရွက်လှေ ၂၃၅ဝဝ ၂၂၅ဝဝ တီစူပါ မြား(တရုတ်) ၂၅ဝဝဝ ၂၅ဝဝဝ တီစူပါ သံကွင်း(တရုတ်) ၂၅ဝဝဝ ၂၅ဝဝဝ ပိုတက်(တရုတ်) ၂၃ဝဝဝ ၂၃ဝဝဝမန္တလေးတိုင်း ယူရီးယား(တရုတ်-ရွှေတောင်) ၂ဝ၁ဝဝ ၂ဝ၁ဝဝ ယူရီးယား(တရုတ်-ပန်းဖူး) ၂ဝ၄ဝဝ ၂ဝ၄ဝဝ တီဆူပါ GTSP 46% ၂၃၁ဝဝ ၂၃၁ဝဝ တီဆူပါ GSSP 16% ၉၅ဝဝ ၉၅ဝဝ တီဆူပါ GSSP 12% ၈၈ဝဝ ၈၈ဝဝ ကွန်ပေါင်း 15:15:15 (တရုတ်) ၂၉ဝဝဝ ၂၉ဝဝဝ အာမို (ဒိုင်းမွန်းစတား) ၄ဝဝဝဝ ၄ဝဝဝဝတောင်ငူ ယူရီးယား (ရွှေတောင်-တရုတ်) ၂၃၅ဝဝ ၂၂၃ဝဝ ယူရီးယား (ကမ္ဘာလုံး-တရုတ်) ၂၃၅ဝဝ ၂၂၃ဝဝ ယူရီးယား (ယူအေအီး-တရုတ်) ၂၃၅ဝဝ ၂၃၅ဝဝ ကုလားအုတ် (တရုတ်) ၂၃၅ဝဝ ၂၂၃ဝဝတောင်ကြီး ယူရီးယား-ပုလဲ (ကမ္ဘာလုံး-တရုတ်) ၂ဝဝဝဝ ၁၉၅ဝဝ ယူရီးယား-ပုလဲ (ပန်းဖူး-တရုတ်) ၂ဝ၅ဝဝ ၂ဝ၅ဝဝ ယူရီးယား-ပုလဲ (ရွှေတောင်-တရုတ်) ၂၁၅ဝဝ ၁၉၅ဝဝ တီစူပါ-(တရုတ်) 12% ၁ဝဝဝဝ ၉၅ဝဝ တီစူပါ-(တရုတ်) 16% ၁၁ဝဝဝ ၉၈ဝဝ တီစူပါ 15:15:15 (တရုတ်) ၃၉ဝဝဝ ၃၉၅ဝဝ တီစူပါ 10:10:5 (တရုတ်) ၁၃ဝဝဝ ၁၃ဝဝဝ ပိုတက် (တရုတ်) ၁၉၅ဝဝ ၁၉၅ဝဝ ဓာတ်ဆား (တရုတ်) ၁၅၅ဝဝ ၁၅ဝဝဝမော်လမြိုင် ပုလဲ(သေး)(ရွှေတုံး 46% တရုတ်) ၂၃၈ဝဝ ၂၃၈ဝဝ ပုလဲ(သေး)(ရွှေပျား 46% တရုတ်) ၂၃၈ဝဝ ၂၃၈ဝဝ ပုလဲ(သေး)(ရွှေတောင် 46% တရုတ်) ၂၃၈ဝဝ ၂၃၈ဝဝ ကွန်ပေါင်း(အစိမ်း)ထိုင်း 15:15:15 ၃၈၅ဝဝ ၃၈၅ဝဝ ကွန်ပေါင်း(ပန်းရောင်)ထိုင်း 15:15:15 ၃၄၅ဝဝ ၃၄၅ဝဝ ကွန်ပေါင်း(မြင်းပံျ)ထိုင်း 16:16:8 ၃၂ဝဝဝ ၃၂ဝဝဝ တီစူပါ (တရုတ်) သံကွင်း 46% ၂၆၅ဝဝ ၂၆၅ဝဝ တီစူပါ (တရုတ်) မျှား 46% ၂၅၅ဝဝ ၂၅၅ဝဝ တီစူပါ (တရုတ်) မျှားကမ္ဘာ 16% ၁၃၅ဝဝ ၁၃၅ဝဝMIRT (MAPT)
Background