ဘိလပ်မြေတန်ချိန် ကိုးထောင်ကျော်သာတင်သွင်းခဲ့ ဒီသီတင်းပတ်ဖြစ်တဲ့ မတ်လ ၈ ရက်မှ ၁၄ ရက်တာ ကာလအတွင်း ဘိလပ်မြေတန်ချိန် ကိုးထောင့်နှစ်ရာသုံးဆယ့်ကိုးတန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၇၈၅၃၄၉ ဒေါ်လာဖိုးကို ပင်လယ်ရေကြောင်းလမ်းကနေ တင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့ ဘိလပ်မြေတွေကတော့ ထိုင်းနိုင်ငံမှ ဆင်တံဆိပ်ဘိလပ်မြေ တန်ချိန် ၈၆၉၉ တန်နဲ့ ပါကစ္စတန်နိုင်ငံမှ ဆင်တံဆိပ်ဘိလပ်မြေ တန်ချိန် ၅၄ဝ အသီးသီး တင်သွင်းခဲ့တာတွေ့ရပါတယ်။ ယခင်သီတင်းပတ် တန်ချိန် နှစ်သောင်းလေးထောင် ကျော် တင်သွင်းခဲ့တာကြောင့် ဒီတစ်ပတ်အဝင်နဲ့ယှဉ်ရင် တော်တော်လေးလျော့ နည်းပြီး တင်သွင်းခဲ့တာတွေ့ရပါတယ်။ MIRT(DOT) နယ်စပ်မှ ဘိလပ်မြေတန် ၇၉ဝဝ ကျော်တင်သွင်းမှုရှိ နယ်စပ်စခန်းများဖြစ်တဲ့ မူဆယ်၊ မြိတ်၊ တာချီလိတ်၊ ကန်ပိုက်တီးနဲ့ လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ မတ်လ ၉ ရက်မှ ၁၅ ရက်ထိကာလအတွင်း ကန်ဒေါ်လာ ဝ ဒသမ ၈၆၅ သန်းတန်ဖိုးရှိ ဘိလပ်မြေ ၇၉၁၂ ဒသမ ၉၆ တန် တင်သွင်းနိုင်ခဲ့ပါတယ်။ နယ်စပ်အလိုက် ဘိလပ်မြေတင်သွင်းနိုင်မှုများမှာ မူဆယ်မှ တန် ၃၅ဝ၊ လွယ်ဂျယ်မှ တန် ၂၇ဝ၊ ကန်ပိုက်တီးမှ ၃၄၂၂ တန်၊ မြိတ်မှ ၁၉၃၂ တန်ကျော်၊ တာချီလိတ်မှ ၁၉၃၈ ဒသမ ၅ တန် အသီးသီးဖြစ်ပါတယ်။ MIRT(DOBT) ပြည်တွင်းဈေးကွက် ဈေးနှုန်း ပြည်တွင်းဘိလပ်မြေ လက်ကားဖြန့်ဈေးများမှာ အောက်ပါအတိုင်း ဖြစ်ပါတယ် တိုင်းဒေသကြီး/ အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်)ပြည်နယ် ယခင်အပတ် ယခုအပတ် ပြောင်းလဲမှုရန်ကုန်တိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၅၁ဝဝ ၅ဝ၅ဝ(လက်ကား) ဘိလပ်မြေ (စိန်) ၅ဝဝဝ ၄၉၅ဝမန္တလေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၆၉ဝဝ ၆၈ဝဝ ဘိလပ်မြေ (AAA) ၅၃ဝဝ ၅၅ဝဝ ဘိလပ်မြေ(မြန်မာဆင်) ၅၂ဝဝ ၅၂ဝဝ ဘိလပ်မြေ(စိန်)ထိုင်း ၆၉ဝဝ ၆၈ဝဝ ဘိလပ်မြေ(ဆင်မင်း) ၅၁ဝဝ ၅ဝဝဝ ဘိလပ်မြေ(ကျားခေါင်း) ၅၂ဝဝ ၅၄ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၅၂ဝဝ ၅၄ဝဝတောင်ငူ ဘိလပ်မြေ(ကြံ့)ထိုင်း ၆၂ဝဝ ၆၈ဝဝ ဘိလပ်မြေ(ဆင်)ထိုင်း ၇ဝဝဝ ၇၂ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၅၂ဝဝ ၅၂ဝဝ ဘိလပ်မြေ(Lucky)ပါကစ္စတန် ၆၆ဝဝ ၆၆ဝဝတောင်ကြီး ဘိလပ်မြေ(စိန်)ထိုင်း ၉၂ဝဝ ၉၂ဝဝ ဘိလပ်မြေ(ခြင်္သေ့) ၆၂ဝဝ ၆၂ဝဝ ဘိလပ်မြေ(မြို့တော်) ၆၂ဝဝ ၆၂ဝဝမော်လမြိုင် ဘိလပ်မြေ(ဆင်)ထိုင်း ၅၇၅ဝ ၅၇၅ဝ ဘိလပ်မြေ(ကြံ့)မြိုင်ကလေး ၄၄၅ဝ ၄၄၅ဝမကွေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၆၈ဝဝ ၆၈ဝဝ ဘိလပ်မြေ(ကြံ့)ထိုင်း ၆၄ဝဝ ၆၄ဝဝ ဘိလပ်မြေ(စိန်)ထိုင်း ၆၇ဝဝ ၆၇ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၅၈ဝဝ ၅၈ဝဝ ဘိလပ်မြေ(ဆင်)မြန်မာ ၆၅ဝဝ ၆၅ဝဝ ဘိလပ်မြေ(ဆင်မင်း)ကျောက်ဆည် ၅၈ဝဝ ၅၈ဝဝMIRT (MAPT)
Background