နို့ဆီနို့စိမ်း ပုံမှန်သာအဝင်ရှိခဲ့ ပင်လယ်ရေကြောင်း လမ်းကနေ မတ်လ ၈ ရက်မှ ၁၄ ရက်တာကာလ အတွင်း နို့ဆီတန်ချိန် ၃၂၃ တန်၊ တန်ဖိုး အားဖြင့် ကန်ဒေါ်လာ ၃၃၂၃၄ဝ ကို တင်သွင်းခဲ့ပါတယ်။ စင်ကာပူနိုင်ငံက ဖြစ်ပါတယ်။ ဒွန်းတံဆိပ်နို့ဆီသာ တင် သွင်းခဲ့တာ တွေ့ရပြီး နို့စိမ်းကတင်သွင်းခြင်း မရှိခဲ့ပါဘူး။ ယခင်သီတင်းပတ် ကလည်း နို့ဆီအဝင်တန်ချိန် သုံးရာ ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်လည်း ပုံမှန်အဝင်ရှိခဲ့တယ်လို့ ဆိုရပါမယ်။ နို့မှုန့်က သြစတြေးလျနိုင်ငံမှ ၆ တန်၊ နယူးဇီလန်နိုင်ငံမှ ၁၂၂ ဒသမ ၄ တန်နဲ့ ဖိလစ်ပိုင်နိုင်ငံမှ ၃ ဒသမ ၈ တန် စုစုပေါင်း နို့မှုန့်တန်ချိန် ၁၃၂ ဒသမ ၂ တန်တင်သွင်းခဲ့တာ တွေ့ရပါ တယ်။ ပြီးခဲ့တဲ့ သီတင်းပတ် နို့မှုန့်တင် သွင်းမှုနည်းခဲ့ပြီး ဒီတစ်ပတ်မှာ တော် တော်များများ တင်သွင်းလာခဲ့တာ တွေ့ ရပါတယ်။ MIRT(DOT) နယ်စပ်မှ နို့ဆီအများအပြားသွင်း ယခုအပတ်မှာ ကော့သောင်းနယ် စပ်မှ နို့စိမ်း၊ ၁ဝ၆ ဒသမ ၁၇၆ တန် (၅၆ဝဝကာတွန်း)ကန်ဒေါ်လာ ၈၉၆ဝဝ ဖိုး တင်သွင်းခဲ့ပါတယ်။ ယခင်အပတ် က နို့ဆီ ၁၃ ဒသမ ၂၇၂ တန် (၇ဝဝ ကာတွန်း) သာ တင်သွင်းခဲ့တဲ့အတွက် ယခုအပတ်မှာ ယခင်အပတ်ကထက် ၈ ဆ ပိုမိုတင်သွင်းလာတာ တွေ့ရပါ တယ်။ နို့စိမ်းနဲ့ နို့မှုန့် ယခုအပတ်မှာ နယ်စပ်က တင်သွင်းမှုမရှိခဲ့ပါဘူး။ MIRT(DOBT) ပြည်တွင်းနို့ဆီ လက်လီဈေးများ နို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီ တွေရဲ့ ဈေးကွက်အသီးသီး လက်လီ ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် လက်လီဈေး ကျပ်/တစ်ဘူး ရန်ကုန် မန္တလေးဒွန်း( နို့ဆီ ) ၈၂ဝ ၈၃၅ဒွန်း( နို့စိမ်း) ၇၅ဝ ၇၅၅Falcon နို့ဆီ ၆၈ဝ ၆၉၅Happy Cow ၇ဝဝ ၇၁၅မာရီဂိုး(နို့ဆီ) ၇၂ဝ ၇၃၅အိုကေနို့ဆီ ၇ဝဝ ၇၁၅MIRT (DOT)
Background