Main menu

Background

ပင်လယ်ရေကြောင်းက နှမ်းတန် ၂ဝဝ ကျော်သာတင် ဂျပန်အပို့နည်းပြီး ကိုရီးယားနဲ့ မလေးကိုပို့

Sun, 03/20/2011 - 06:27 -- Anonymous (not verified)

ပင်လယ်ရေကြောင်းက နှမ်းတန် ၂ဝဝ ကျော်သာတင် ဂျပန်အပို့နည်းပြီး ကိုရီးယားနဲ့ မလေးကိုပို့               ယခုသီတင်းပတ်များအတွင်း နှမ်းတင်ပို့မှုက တစ်ပတ်ထက်တစ်ပတ်လျော့ကျလို့ လာတာတွေ့ရပါတယ်။ ယခင် သီတင်းပတ်က ပင်လယ်ရေကြောင်း တင်ပို့မှု တန်ချိန် ၃ဝဝ ကျော်ရှိခဲ့ရာမှ ယခုသီတင်းပတ်မှာ တန်ချိန် ၂ဝဝ ကျော် တင်ပို့ခဲ့တာ တွေ့ရပါတယ်။ အဓိကတင်ပို့နိုင်ငံဖြစ်တဲ့ ဂျပန်နိုင်ငံရဲ့ ဆူနာမီဂယက်ကြောင့် ဂျပန်နိုင်ငံကို တင်ပို့မှု သိသိသာသာ လျော့ကျတာတွေ့ရပြီး ဒီတစ်ပတ်ကိုရီးယားနဲ့ မလေးရှားကို တင်ပို့မှုများတာတွေ့ရပါတယ်။                 လက်ရှိဘဏ္ဍာနှစ်အတွင်း နှမ်းတင်ပို့မှုအနေနဲ့ မတ်လ ၁၁ ရက်နေ့အထိ တန်ချိန် ၇၈ဝဝဝ ကျော်ရှိပြီး ယခင် ဘဏ္ဍာနှစ်ကာလတူမှာ တန်ချိန် ၈၅ဝဝဝ ကျော် တင်ပို့နိုင်တာတွေ့ရပါတယ်။ ရန်ကုန် FOB  ဈေးအနေနဲ့ မတ်လ ၁၉ ရက်မှာ သိပ္ပံနှမ်းနက်တစ်တန်ကို ကန်ဒေါ်လာ ၁၈၈၅-၁၉၃၅၊ ရိုးရိုးနှမ်းနက်တစ်တန်ကို ကန်ဒေါ်လာ ၁၅၃၅-၁၅၆၅နဲ့ နှမ်းဖြူ တစ်တန်ကို ကန်ဒေါ်လာ ၁၃၆ဝ-၁၄ဝဝ အသီးသီးရှိတယ်လို့ သိရပါတယ်။ MIRT - MAPT