Main menu

Background

မတ်ပဲဈေးပြန်လျော့လာ

Sun, 03/20/2011 - 06:40 -- Anonymous (not verified)

အိန္ဒိယနိုင်ငံရဲ့ စားနပ်ရိက္ခာဈေးနှုန်း လျော့ကျလျက်ရှိရာ မတ်လ ၅ရက်မှာ ကုန်ဆုံးတဲ့သီတင်းပတ်အတွင်း ပဲမိုျးစုံဈေး ဝ ဒသမ ၄၂ ရာခိုင်နှုန်း၊ အာလူးဈေးက ၁ ဒသမ ၁၈ ရာခိုင်နှုန်း၊ ကြက်သွန်နီ ၁၁ ဒသမ ၃၆ ရာခိုင်နှုန်း အသီးသီးကျဆင်းခဲ့တာကြောင့် စားနပ် ရိက္ခာဈေးနှုန်း ဖောင်းပွမှုကလည်း ယခင်သီတင်းပတ်မှာ ၉ ဒသမ ၅၂ ရာခိုင်နှုန်းရှိခဲရာမှ ယခုသီတင်းပတ်မှာ ၉ ဒသမ ၄၂ ရာခိုင်နှုန်းကို ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ မတ်ပဲဈေးပြန်လျော့လာ            ယခင်သီတင်းပတ်မှာ အိန္ဒိယပြည်တွင်းမတ်ပဲဈေး ခိုင်မာလာ ခဲ့ပေမဲ့ ယခုသီတင်းပတ်မှာတော့ ပြန်လည်လျော့ကျလာခဲ့ပါတယ်။ အိန္ဒိယဆိပ်ကမ်းများကို မြန်မာမတ်ပဲ ပုံမှန်တင်ပို့နေခြင်းနဲ့ အင်ဒရာ ပရာဒေ့ရှ်ကလည်း ပဲအသစ်စတင်ဝင်ရောက်နေပြီဖြစ်လို့ ရောင်းအား ကိုပိုမိုစေပါတယ်။ ဈေးကွက်အချို့မှာ မြန်မာမတ်ပဲဝယ်လိုအား နည်း ပြီး အခိုျ့ဈေးကွက်တွေမှာတော့ ဒေစီမတ်ပဲကို အဝယ်အနည်း ငယ် ပြန်ထွက်တယ်လို့သိရပါတယ်။ အတ္တရာပရာဒေ့ရှ် က ဆောင်းမတ်ပဲဈေး မြင့်တက်တာကို ကန့်သတ်စေခဲ့ပါတယ်။ ဝယ်လိုအားနည်းတာ ကြောင့် ကာလတိုအတွင်း ဈေးအကျဘက် ဆင်းနိုင်တယ်လို့ ကုန်သည်များက သုံးသပ်ကြပါတယ်။ ဈေးကွက်အသီးသီးမှာ တစ်ပတ် အတွင်းဖြစ်ပေါ်ခဲ့တဲ့ မြန်မာမတ်ပဲ FAQ ဈေးနှုန်းတွေကို ဇယား(၁) နဲ့ ဖော်ပြထားပါတယ် ဇယား-၁                                                            ဒေါ်လာ/တန် ဈေးကွက်        ၁၇ .၃ .၁၁              ၁၆ .၃ .၁၁             ၁၅ .၃ .၁၁               ၁၄ .၃ .၁၁မွန်ဘိုင်း            ၈၈၆                      ၈၈၅                    ၉ဝ၆-၉၁၁                    ၉၃ဝဒေလီ               ၈၈၆                      ၈၉၁                        ၉ဝဝ                      ၉၁၉-၉၂၅ချန်နိုင်း         ၈၉၁-၁ဝ၄၇            ၈၉၆-၁ဝ၂၉            ၉ဝ၆-၁ဝ၄၉               ၉၂၅-၁ဝ၆၃