Main menu

Background

လက်ရှိဈေးဝန်းကျင်နဲ့ ကုလားပဲအရောင်းအဝယ်ဖြစ်

Sun, 03/20/2011 - 06:40 -- Anonymous (not verified)

 လက်ရှိဈေးဝန်းကျင်နဲ့ ကုလားပဲအရောင်းအဝယ်ဖြစ်               အိန္ဒိယပြည်တွင်းဈေးကွက်တွေကို ကုလားပဲအသစ်တွေ ဝင်ရောက်မှုတိုးလာသလို ဟိုလီပွဲတော်အတွက် အဝယ်လည်းရှိတာ ကြောင့် ဈေးကျမသွားဘဲ လက်ရှိဈေးဝန်းကျင်နဲ့ အရောင်းအဝယ်ဖြစ်တာတွေ့ရပါတယ်။ မဒ္ဒရာပရာဒေ့ရှ်က ပဲဝင်ရောက်မှု အိတ် ၅ဝဝဝ ခန့် တိုးတက်နေတယ်လို့ သိရပါတယ်။ မဟာရပ်ရှတရာက ပဲအသစ်ဝင်ရောက်မှုက ဧပြီလမှာ ကျဆင်းတော့မှာဖြစ်ပေမဲ့ ရာဂျက် စသန်က ဧပြီလမှာ စတင်ဝင်ရောက်မှာဖြစ်လို့ ဈေးကွက်အတွင်း ပဲဝင်ရောက်မှု မကျဆင်းနိုင်ဘူးလို့ ခန့်မှန်းကြပါတယ်။ ပဲအထွက် မြင့်တက်မယ့် ခန့်မှန်းချက်တွေနဲ့ ကာလတိုအတွင်း ဈေးကျဆင်းမယ့် အလားအလာတွေအရ ဝယ်လက်များ အဝယ်ဆိုင်းနေကြတယ်လို့ ဈေးကွက်က ဆိုပါတယ်။ ဈေးကွက်တွေမှာ လက်ကျန် အလုံအလောက်ရှိနေတာကြောင့် ကာလတိုအတွင်း ကုလားပဲဈေး အား ပျော့နိုင်တယ်လို့လည်း ခန့်မှန်းကြပါတယ်။ ဈေးကွက်တွေမှာ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ ကုလားပဲဖြူလုံးကြီး ဈေးတွေကို ဇယား(၂)နဲ့ ဖော်ပြထားပါတယ် ဇယား-၂                                                                             ဒေါ်လာ/တန်  ်ဈေးကွက်           ၁၇ .၃ .၁၁            ၁၆ .၃ .၁၁         ၁၅ .၃ .၁၁             ၁၄ .၃ .၁၁မွန်ဘိုင်း             ၅၂ဝ-၅၂၆                ၅၂ဝ                  ၅၃ဝ                     ၅၂ဝဒေလီ                 ၅၅၉-၅၆၅                ၅၅၃                  ၅၅၂                     ၅၅၄ကန်ပါ                     ၅၆၉                   ၅၆၉                   ၅၇ဝ                    ၅၇၈